September 2026

ထားဝယ်မှာ စစ်တပ် ပေါ်တာဆွဲကြမ်းနေ

ထားဝယ်၊ စက်တင်ဘာ ၂၁ တနင်္သာရီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ထားဝယ်မြို့မှာ အာဏာသိမ်းစစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်မြို့ဝင် မြို့ထွက်ဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေအပြင် မြို့ပေါ်ရပ်ကွက်တွေမှာ အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကို ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင် စစ်ပြီး ဖမ်းဆီးတာတွေရှိသလို…

ဘီးလင်း ကြသောင်းဆိပ်ရွာ ဗုံးကြဲခံရလို့ စာသင်ကျောင်းနဲ့ နေအိမ် ၄၀ နီးပါး ပျက်စီး

ဘီးလင်း၊ စက်တင်ဘာ ၂၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ် ၄၀ နီးပါး ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့…

အမေရိကန် AI တပ်ဖွဲ့ဖွဲ့ပြီး AI ဘုရင်ခန့်ထားမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ စက်တင်ဘာ ၂၁ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က AI တပ်ဖွဲ့ ဖွဲ့စည်းပြီး ဉာဏ်ရည်တု ဘုရင် တစ်ပါး ခန့်အပ်သွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီ ထွန်းသစ်စ နည်းပညာရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ သတိပေးမှုတွေ ထွက်ပေါ်နေချိန်မှာ ထရန့်က အခုလိုမျိုး ကြေညာလာတာပါ။ စက်တင်ဘာ ၁၉ ရက်က လူမှုမီဒီယာ…

နေအိမ် အကျယ်ချုပ် ပြောင်းလဲခွင့်ရရေး ဒေါ်လာသန်းချီ ဒဏ်ငွေ မပေးဆောင်နိုင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ပြော

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၁ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်က သတ်မှတ်ချက်နဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်နဲ့ နေအိမ် အကျယ်ချုပ် ပြောင်းလဲကျခံရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ရင်းဂစ် သန်း ၅၀ (ကန်ဒေါ်လာ ၁၂ ဒသမ ၂၆ သန်း) ပေးဆောင်ဖို့ လိုအပ်ချက်ဟာ သူကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ပြောကြား…

နိုင်ငံရေးပါတီများအစုအဖွဲ့ကို ကြားခံပြီး တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်စည်းရုံးဖို့ စစ်အစိုးရ အားထုတ်

နေပြည်တော် ၊ စက်တင်ဘာ ၂၀ အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရက အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးပါတီများအစုအဖွဲ့ကို ကြားခံပြီး တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်စည်းရုံးဖို့ အားထုတ်ကြိုးပမ်းလာပါတယ်။ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်တို့ နေပြည်တော်မှာ စက်တင်ဘာ ၁၇ ရက်နဲ့…

မွန်က တရားမဝင် ရထားလမ်းကူးတွေကို ပိတ်သိမ်းဖို့ စစ်အစိုးရညွှန်ကြား

မော်လမြိုင်၊ စက်တင်ဘာ ၂၀ မွန်ပြည်နယ်အတွင်းက မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းမှာ ရှိတဲ့ တရားမဝင် ရထားလမ်းကူးတွေကို ပိတ်သိမ်းဖို့ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရရဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဇေယျာဦးက ညွှန်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က မွန်ပြည်နယ် စစ်အစိုးရရဲ့ လျှပ်စစ်၊…

ကုန်တင်ယာဉ်အလွတ်တွေ မြဝတီကို တက်ခွင့်ပိတ်

မြဝတီ၊ စက်တင်ဘာလ ၂၀ ကရင်ပြည်နယ် မြဝတီမြို့ကို ကုန်တင်ယာဉ်အလွတ်တွေ တက်ခွင့်ပိတ်ထားတယ်လို့ ကုန်တင်ယာဉ်မောင်း တွေထံကနေ သိရပါတယ်။ အခု စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ မြဝတီမြို့အတွင်းကို ကုန်တင်ထားတဲ့ ယာဉ်တွေကိုသာ ဝင်ခွင့်ပြုပြီး ကုန်မပါတဲ့ ကုန်တင်ယာဉ်အလွတ်တွေကို ဝင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။ ကုန်ပါတဲ့ ကုန်ကားတွေသာ တက်လို့ရပြီး ကုန်မပါတဲ့ကားတွေ အားလုံးကို ပြန်လွှတ်နေကြောင်း၊ အခုလိုလုပ်ဆောင်မှုကြောင့် ကုန်သည်တွေနဲ့ ကားသမားတွေ…

ကန်ပက်လက်နဲ့ လောင်းရှည်မြို့ကြားက ကျေးရွာတွေကို စစ်တပ် ဗုံးကြဲ

မကွေး စက်တင်ဘာ ၁၉ မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်ကို စစ်ကြောင်းထိုးဖို့ ယာဉ်တန်းထွက်ခွာချိန် လမ်းတလျှောက်ရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နဲ့ မကွေးတိုင်း လောင်းရှည်မြို့ကြားက ကျေးရွာတွေကို စက်တင်​ဘာ ၁၉ ရက် မနက် ၇ နာရီ ၃၀ မိနစ်က…

ရှီကျင့်ဖျင် ရောက်လာရင် လေဆိပ်အထိ သွားကြိုဖို့ ထရန့် စီစဉ်ထား

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ စက်တင်ဘာ ၂၄ ရက်မှာ ဝါရှင်တန်ဒီစီမြို့ အပြင်ဖက်ရှိ စစ်အခြေစိုက်စခန်းရဲ့ လေဆိပ်ဖြစ်တဲ့ အန်ဒရူး ပူးတွဲ အခြေစိုက် လေဆိပ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် ရောက်လာချိန် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကိုယ်တိုင်သွားရောက် ကြိုဆိုနှုတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အိမ်ဖြူတော် ခရီးစဉ်အတွက် ရှီကျင့်ဖျင်ဟာ လာမယ့် သီတင်းပတ်…

ဗဟို ဓာတ်အားလိုင်း ထပ်မံပြတ်တောက်မှုကြောင့် ကျုးဘား တစ်နိုင်ငံလုံး အမှောင်ကျ

ဟာဗားနား၊ စက်တင်ဘာ ၁၉ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ကျူးဘားနိုင်ငံရဲ့ဗဟိုဓာတ်အားလိုင်း ထပ်မံ ပြတ်တောက်မှုကြောင့် တစ်နိုင်ငံလုံး လုံးဝ အမှောင်ကျသွားခဲ့ပါတယ်။ ကျွန်းနိုင်ငံ ကျူးဘားဟာ အမေရိကန်ရဲ့ လောင်စာ ပိတ်ဆို့မှုကြောင့် အခက်ကြုံနေချိန် အခုလို အမှောင်ကျမှုဟာ အခုနှစ်ရဲ့ နှစ်စမှာကတည်းက ဗဟိုဓာတ်အားလိုင်း တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပြတ်တောက်မှု အနည်းဆုံး ခြောက်ကြိမ် ဖြစ်ပွားခဲ့တဲ့…