တရုတ်နိုင်ငံသားတွေ အစ္စရေးကနေ အမြန်ဆုံး ထွက်ခွာကြဖို့ တရုတ်သံရုံး သတိပေး
တယ်လ်အဗစ်၊ ဇွန် ၁၇ အစ္စရေးနဲ့အီရန်တို့ ပြင်းပြင်းထန်ထန် အပြန်အလှန် တိုက်ခိုက်နေမှုကြောင့် အစ္စရေးရှိ တရုတ်နိုင်ငံသားတွေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ တယ်လ်အဗစ်မြို့ရှိ တရုတ်သံရုံးက ဇွန် ၁၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အစ္စရေးရှိ တရုတ်နိုင်ငံသားတွေအနေနဲ့ ကုန်လမ်းထွက်ပေါက်တွေကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ တရုတ်သံရုံးက WeChat မှာ ကြေညာပါတယ်။ ဂျော်ဒန်နိုင်ငံဖက်ကို ထွက်ခွာကြဖို့လည်း…