MUP က ပါတီရှင်သန်ရေးအတွက် စစ်အုပ်စုနဲ့ အပေးအယူ လုပ်နေရ
မော်လမြိုင် ၊ အောက်တိုဘာ ၂၅ မွန်ညီညွတ်ရေးပါတီ MUP က လူ့အသိုက်အဝိုင်းအတွင်း စိမ့်ဝင်ပျံ့နှံ့အောင် ပါတီအုတ်မြစ်ချရမယ့်အစား အာဏာပိုင်အုပ်စုနဲ့ အပေးအယူလုပ်ပြီး ပါတီရှင်သန်ရေးကိုသာ လုပ်ဆောင်နေရတယ်လို့ အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်တဲ့ သုတေသနစာတမ်းတစ်စောင်က ဖော်ပြပါတယ်။ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ ရာမညဒေသလေ့လာရေးဌာန CRS က မွန်ညီညွတ်ရေးပါတီနဲ့ပတ်သက်ပြီး ပါတီရှင်သန်ရေးအတွက်လား မွန်ပြည်သူကောင်းစားရေးအတွက်လား စစ်အာဏာရှင်တရားဝင်ရေးအတွက်လားဆိုတဲ့…
