Thanlwintimes

‎ဟောမု့ဇ် ရေလက်ကြားဟာ အမေရိကန်ရဲ့ နယ်မြေ အသစ် ဖြစ်တယ်လို့ ထရန့် ဖော်ပြ

‎ဝါရှင်တန်၊ သြဂုတ် ၁၉‎‎အီရန်နဲ့ လက်ရှိ ဆွေးနွေးနေတာတွေ မရှိသလို ဆွေးနွေးဖို့ စီစဉ်ထားတာလည်း မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သြဂုတ် ၁၈ ရက်မှာ ပြောကြားပြီး ဟောမု့ဇ် ရေလက်ကြားကိုအမေရိကန် နယ်မြေသစ် တစ်ခု အဖြစ် ဖော်ပြထားတဲ့ မြေပုံကို လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။‎‎ခြောက်လနီးပါးကြာ အီရန် စစ်ပွဲဟာ အဖြေထွက်မယ့် လက္ခဏာ…

စစ်အာဏာသိမ်း (၂၀၂၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၈၉) ဦးထိရှိလာ

မော်လမြိုင်၊ သြဂုတ်၁၉ AAPP ရဲ့ သြဂုတ်၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၂၅) ရက်အတွင်း ပြည်သူ (၈၂၈၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၇၉၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၀၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

လူငယ်တွေ ကိုယ့်အားကိုယ်ကိုးရုံမှတစ်ပါး အခြားမရှိတော့ပြီလား

မော်လမြိုင် ၊ ဩဂုတ် ၁၉ အာဏာသိမ်းစစ်တပ် ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ လူသားဒိုင်းသဖွယ်အသုံးချခံနေရတဲ့ စစ်မှုထမ်းလူငယ်တွေအနေနဲ့ သတ်မှတ်ကာလအတွင်း အသက်မသေအောင် လွတ်မြောက်ရေးကိုသာ အားစိုက်ရမယ့် အခြေအနေရောက်အောင် တွန်းပို့လာနေပါတယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ဆက်လက်ရင်ဆိုင်နေရတဲ့ စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကနေ တပ်သားအရေအတွက် တစ်သိန်းကျော်အထိ ရရှိထားတာကြောင့် အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ ကိုယ်တိုင်ခန့် သမ္မတက အသိပေးထားတာပါ။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရင်းပြုပြီး တပ်သားစုဆောင်းမှုဟာ…

လောင်းကစားဝိုင်းတွေကို မွန်စစ်အစိုးရ မနှိမ်နင်းဘဲ မျက်ကွယ်ပြုထား

မော်လမြိုင် ၊ ဩဂုတ် ၁၉ မွန်ပြည်နယ် လွှတ်တော်မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းရေးအဆို အတည်ပြုထားပေမယ့် စစ်တပ် အသွင်းပြောင်း ပြည်နယ်အစိုးရအဖွဲ့ကတော့ အရေးယူနှိမ်နင်းတာ မလုပ်ဘဲ ဆက်လက် မျက်ကွယ်ပြုထားပါတယ်။ ပြည်နယ်အတွင်းမှာ တရားဝင် ခွင့်ပြုချက် ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေ တားဆီး ပိတ်ပင်ပေးရေး အဆိုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က…

လောင်းလုံးမှာ လက်နက်ကြီးကျလို့ သားအဖနှစ်ဦးသေဆုံး

လောင်းလုံး၊ ဩဂုတ် ၁၉ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာမှာ စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သားအဖ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၁၈ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်က တိုက်ပွဲမရှိဘဲ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။…

ယူကရိန်းသို့ ဒရုန်း ထောက်ပံ့ပေးမှုအတွက် ဗြိတိန် ပေးဆပ်ရလိမ့်မယ်လို့ ရုရှား ကြုံးဝါး

လန်ဒန်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံထဲရှိ ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ဗြိတိန်နိုင်ငံထုတ် ဒရုန်းတွေကို အသုံးပြုနေကြောင်း အတည်ပြုပြီးနောက် ရုရှားက ဗြိတိန်ဟာ ယူကရီန်း ပဋိပက္ခ အရှိန်မြင့်တက်လာအောင် တမင်တကာ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ အဲဒီလို လုပ်ဆောင်ပြီးတော့ ဗြိတိန်ဟာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ကြံရာပါ ပူးပေါင်းကျူးလွန်သူအဖြစ် လှုပ်ရှားနေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ…

စစ်အစိုးရ သမ္မတ မင်းအောင်လှိုင် စက်တင်ဘာလမှာ ကမ္ဘောဒီးယားသို့ သွားရောက်မယ်

ဖနွမ်းပင်၊ သြဂုတ် ၁၈ နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်းလာစေဖို့ မြန်မာ စစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတ မင်းအောင်လှိုင်ဟာ စက်တင်ဘာလ လဆန်းပိုင်းမှာ ကမ္ဘောဒီးယားသို့ လာရောက်မှာ ဖြစ်ကြောင်း ဖနွမ်းပင်ပို့စ် သတင်းဌာနက သြဂုတ် ၁၈ ရက်မှာ ဖော်ပြပါတယ်။ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းအပြင် တခြား နိုင်ငံတွေဆီ သွားရောက်ပြီးနောက် သူ့ရဲ့…

အငြင်းပွားနေတဲ့ ကျွန်းပြဿနာနဲ့ ပတ်သက်လို့ ဂျပန် သံအမတ်ကို ရုရှား ဆင့်ခေါ်

မော်စကို၊ သြဂုတ် ၁၈ ရုရှား အရှေ့ဖက်စွန်းရှိ ကူရီလ်ကျွန်းတွေဆီ သမ္မတ ဗလာဒီမာ ပူတင် မကြာသေးခင်က သွားရောက်ခဲ့မှုကို တိုကျိုက ပြစ်တင် ရှုတ်ချခဲ့ပြီးနောက် ဂျပန် သံအမတ်ကို ဆင့်ခေါ်ခဲ့ကြောင်း မော်စကိုက သြဂုတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ အဲဒီ ကျွန်းတွေကို ဂျပန်ကလည်း သူတို့ ပိုင်တယ်လို့ ပြောဆိုထားပါတယ်။ ၁၉၄၅ ခုနှစ်အတွင်း…

အီရန်နဲ့သဘောတူညီမှုမှာ ကန့်လန့်ဝင်တိုက်နေရင် အိုမန်ကို ဗုံးကြဲပစ်မယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ သြဂုတ် ၁၈ အီရန်နဲ့ အမေရိကန် ဆွေးနွေးမှုအတွင်း ကြားဝင် ကန့်လန့်တိုက်နေရင် အမေရိကန်ရဲ့ မဟာမိတ် ဖြစ်တဲ့ အိုမန်ကို ဗုံးကြဲပစ်မယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ ရေလက်ကြား ဟောမု့ဇ် ပြန်လည် ဖွင့်လှစ်ရေး အမေရိကန်နဲ့ အိုမန်တို့က အီရန်နဲ့ သီးခြားစီ ဆွေးနွေးညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။ အမေရိကန်-အီရန်…

စစ်မှုထမ်းတွေ အလုပ်အကိုင် ရရှိရေး အထူးဦးစားပေးလို့ မွန်ဝန်ကြီးချုပ် ပြော

မော်လမြိုင်၊ ဩဂုတ် ၁၈ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူတွေရဲ့ အလုပ်အကိုင် ရရှိရေးနဲ့ ချေးငွေရရှိရေးဟာ အထူးဦးစားပေး ဖြစ်တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြောပါတယ်။ မနေ့ သြဂုတ် ၁၇ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းတွေ အလုပ်အကိုင်ရရှိရေးနဲ့ အရင်းအနှီးချေးငွေ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ…