မော်လမြိုင်စက်မှုဇုန်ကို လျှပ်စစ်မီးပိုပေးမယ်လို့ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်ပြော
မော်လမြိုင် ၊ ဇွန် ၁၄ အာဏာသိမ်းကာလအတွင်း တစ်ရက်လျှင် အချိန် ၄ နာရီလောက်သာ လျှပ်စစ်မီးပေးနေတဲ့ မော်လမြိုင်စက်မှုဇုန်ကို လျှပ်စစ်မီးပိုပေးသွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ကတိပြုပြောဆိုလာပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မော်လမြိုင်စက်မှုဇုန်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကတိပေးခဲ့တာပါ။…