ဘန်ကောက် မာရသွန် ပြေးပွဲမှာ နိုင်ငံတကာက အပြေးသမား ၇ သိန်းကျော် ပါဝင်ခဲ့

ဘန်ကောက်၊ နိုဝင်ဘာ ၂၈

Amazing Thailand Marathon Bangkok ၂၀၂၆ ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၉၂ နိုင်ငံက အပြေးသမား ၇၁၀၀၀၀ ကျော်ပါဝင်ပြီး နိုဝင်ဘာ ၂၈ ရက်က စတင်ချိန် မြို့တော်ရဲ့ အဓိက အတွင်းလမ်း အများစုကို ပိတ်ထားပါတယ်။

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရဲ့ အထင်ကရ နေရာတွေကို ဖြတ်သန်းတဲ့ ထက်ဝက် မာရသွန်ပြေးပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မနက် ၄ နာရီမှာ စတင်ခဲ့တဲ့ ၂၁ ဒသမ ၁ ကီလိုမီတာ ပြေးပွဲမှာ ဘန်ကောက် အုပ်ချုပ်ရေးမှူး ချာခက် ဆီသီပွန့်လည်း ပါဝင်ခဲ့ပါတယ်။

နှစ်ရက် ပြုလုပ်မယ့် မာရသွန် ပြေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာ့လှည့် ခရီးသွားနဲ့ အားကစားဝန်ကြီး ဆူရာဆက် ဖန်ဂျာရိုအန် ဝိုရာကူးလ်က ဦးဆောင် ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပါတယ်။

ဖွင့်ပွဲ အခမ်းအနားမှာ ထိုင်းနဲ့ နိုင်ငံတကာ မာရသွန် ပြေးပွဲဝင်ပြိုင်သူ ၇၁၄၃၅ ဦး ရှိခဲ့ပါတယ်။

မာရသွန် ပြေးပွဲ မစတင်ခင် ဘန်ကောက် အုပ်ချုပ်ရေးမှူး ချာခက်က တိုက်တွန်း စကားတွေ ပြောကြားခဲ့ပြီး လူတိုင်း ထိခိုက် ဒဏ်ရာ မရစေဘဲ အန္တရာယ်ကင်းတဲ့ ပြေးပွဲ ဖြစ်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။

မာရသွန် ပြေးပွဲဟာ ဘန်ကောက်မြို့လယ်ကနေ စတင်ပြီး ဆမ်ယန်၊ ရာမ ၄ လမ်း၊ ဟန်နရီဒူးနန့် လမ်း၊ ရက်ချာဒမ်မရီလမ်း၊ ကြိုမဲ့လမ်းနဲ့ ဆာရာဆင်လမ်းတို့ကို ဖြတ်သန်းပြီး အနုစာဝါလီဆီကို ဦးတည် ပြေးကြရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကနေ ၂၉ ရက်အထိ ကျင်းပမယ့် မာရသွန် ပြေးပွဲက ဘန်ကောက်မြို့ကို နိုင်ငံတကာ အပြေးပြိုင်ပွဲ နေရာအဖြစ် လူသိများလာစေဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။

နောက်ထပ် ဒီပြိုင်ပွဲမှာ နိုင်ငံတကာက ပါဝင်သူတွေ အများကြီး ရှိကြောင်းလည်း ထိုင်းက ဖော်ပြလိုတာ ဖြစ်ပါတယ်။

အပြေးပြိုင်ပွဲ လမ်းကြောင်းတွေကို အစိုးရဌာန အများအပြားက ကြိုတင် စီစဉ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားနဲ့ အားစားဝန်ကြီးဌာန၊ ထိုင်းအားကစား အာဏာပိုင်အဖွဲ့ ၊ ထိုင်း ကမ္ဘာ့လှည့် ခရီးသွား အာဏာပိုင်အဖွဲ့ ၊ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ၊ မြို့ပြ ရဲတပ်ဖွဲ့ ဗျူရိုနဲ့ ပြေးပွဲကို ဦးစီးမယ့် ဌာနတွေလည်း ပါဝင ပါတယ်။

ယာဉ်ကြော ရှင်းလင်းရေး မြို့တော် ရဲတပ်ဖွဲ့ ဗျူရိုက အရာရှိတွေ အများအပြား ချထားပြီး အဓိက လမ်းမတွေမှာ ယာဉ်ကြောမပိတ်ဆို့ရေး တာဝန်ယူ ဆောင်ရွက်နေပါတယ်။

အပြီးသတ် အနိုင်ရသူတွေကို ကြေညာပြီးနောက် လမ်းမတွေကို ပြန်လည် ဖွင့်လှစ် ပေးမှာ ဖြစ်ကြောင်း အရာရှိတွေက ကြေညာထားပါတယ်။

ယာဉ်မောင်းတွေနဲ့ ဒေသခံတွေအတွက် အနှောင့်အယှက် အနည်းဆုံး ဖြစ်စေရေးလည်း သတိထား ဆောင်ရွက်နေကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။

ဘန်ကောက်မြို့ မာရသွန် ပြေးပွဲမှာ နိုင်ငံတကာက ပါဝင်မှုများတာကြောင့် ဘန်ကောက် ကမ္ဘာလှည့် ခရီးသွားကဏ္ဍကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပြီး နိုင်ငံတကာ အပြေးပြိုင်ပွဲတွေအတွက် အဓိက နေရာ တစ်ခု ဖြစ်လာဖို့ မျှော်မှန်းချက်ကို အားကောင်းလာစေမှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

Ref:Khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.