2026

မင်းတုန်းမှာ စစ်တပ်ရဲ့ ပါရာမော်တာတွေနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး

မကွေး အောက်တိုဘာ ၂၄ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက အောက်တိုဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၂၂ ရက်၊ ညနေ ၅ နာရီလောက်မှာ သရက် ကပစ (၁၂)…

ဒီသီတင်းပတ်ကုန်အတွင်း အီရန်ကို အမေရိကန် တိုက်ခိုက်နိုင်တယ်လို့ အမေရိကန်သံအမတ် ပြော

တီဟီရန် အောက်တိုဘာ ၂၄ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့က အီရန်အပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုတွေ တိုးမြှင့်လာနေချိန်မှာ အမေရိကန်အနေနဲ့ ဒီသီတင်းပတ်ကုန်အတွင်းမှာပဲ အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ အမေရိကန်သံအမတ်တစ်ဦးက ပြောကြားလိုက်ပါတယ်။ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် တွမ်ဘားရက်က အောက်တိုဘာ ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအင်တာဗျူးမှာ ဒီသီတင်းပတ်ကုန်အတွင်း…

ကမ္ဘာ့အင်အားအကောင်းဆုံး စစ်တပ်တည်ဆောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ညွှန်ကြား

ပြုံးယမ်း အောက်တိုဘာ ၂၄ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်တပ်ကို ကမ္ဘာ့အင်အားအကောင်းဆုံး စစ်တပ်တစ်ခုဖြစ်လာအောင် တည်ဆောက်သွားဖို့နဲ့ ခေတ်သစ်စစ်ရေးစွမ်းရည်တွေကို အရှိန်မြှင့်တင်သွားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ညွှန်ကြားလိုက်ပါတယ်။ မြို့တော် ပြုံယမ်းမှာ အောက်တိုဘာ ၂၂ ရက်ကနေ ၂၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ တပ်ခွဲမှူးများညီလာခံမှာ ကင်ဂျုံအွန်က အခုလို ပြောကြားခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။…

မွန်စစ်လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူမယ်

မော်လမြိုင်၊ အောက်တိုဘာ ၂၄ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပသွားမယ်လို့ မွန်လွှတ်တော်က အောက်တိုဘာ ၂၃ ရက်နေ့ ရက်စွဲနဲ့ အသိပေးကြေညာပါတယ်။ အရေးပေါ် အစည်းအဝေးကို လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။ မွန်လွှတ်တော်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ အရေးပေါ် အစည်းအဝေး…

ငြိမ်းချမ်းရေး ဆွေးနွေးမှု ကျင်းပနိုင်ရေး ယူကရိန်းနဲ့ ရုရှား တိုက်ပွဲ ဖြစ်နေတဲ့ မြို့မှာ အပစ်ရပ်ရေး သဘောတူ

မော်စကို၊ အောက်တိုဘာ ၂၄ အမေရိကန် သမ္မတကတော် မီလန်နီယာ ထရန့်ရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ ယူကရိန်းနဲ့ ရုရှားတို့ ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းမြို့ အိုလက်ရှ်ရှီမြို့မှာ အပစ်အခတ် ရပ်စဲရေး အောက်တိုဘာ ၂၃ ရက်က သဘောတူညီလိုက်ကြပါတယ်။ ဆွေးနွေးမှု အသစ်တွေအတွက် ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေဟာ လာမယ့်လ တွေ့ဆုံမှာ ဖြစ်ကြောင်း ယူကရိန်း သမ္မတ…

ထပ်မံတိုက်ခိုက်ခံရပါက ပင်လယ်ကွေ့ ကေဘယ်ကြိုးတွေကို ဖျက်ဆီးပစ်မယ့် အစီအစဉ် အီရန် ချပြ

ဒူဘိုင်း ၊ အောက်တိုဘာ ၂၄ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် ပင်လယ်ကွေ့ရှိ ရေအောက်ဆက်သွယ်ရေး ကေဘယ်ကြိုးတွေကို ပစ်မှတ်ထား ဖျက်ဆီးပစ်မယ့် အစီအစဉ် အသေးစိတ်ကို တီဟီရန်က ချပြထားကြောင်း အီရန် အကြီးတန်း လုံခြုံရေးအရာရှိ နှစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။ ဝါရှင်တန်နဲ့ သံတမန်ရေး ဖြေရှင်းဖို့ ထပ်မံ ကြိုးပမ်းမှုတွေ…

မော်လမြိုင်မှာ ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ

မော်လမြိုင်၊ အောက်တိုဘာ ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ ကျိုက်ခမီမြို့သို့ ဘုရားဖူးသွားမယ့် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၆ နာရီအချိန်လောက်မှာ ကျိုက်ခမီမြို့သို့ ဘုရားဖူးသွားမယ့် ယာဉ်ဟာ မော်လမြိုင်မြို့ ကြားအင်းရပ်ကွက် ကုတင်(၃၀၀)ဆေးရုံအနီး ဘီးပေါက်ပြီး တိမ်းမှောက်မှု…

စစ်အာဏာသိမ်း (၂၀၉၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၀၈)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၄ AAPP ရဲ့ အောက်တိုဘာ ၂၃ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၉၁) ရက်အတွင်း ပြည်သူ (၈၆၀၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၂၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၉၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖြေလျှော့ပေးတာလို့ မမြင်ဖို့ AAPP သတိပေး

နေပြည်တော် ၊ အောက်တိုဘာ ၂၄ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ စစ်အုပ်စုက ဖြေလျှော့ပေးနေပြီဆိုတဲ့ သုံးသပ်မှုတွေ မလုပ်ဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ ၅ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသယောင်နဲ့ စစ်အစိုးရက ခပ်စိပ်စိပ် ဖော်ပြလာနေတာပါ။…

မြဝတီတိုက်ပွဲအတွင်း လက်နက်ကြီးကျည်တချို့ ထိုင်းဘက်ခြမ်း ကျရောက်ပေါက်ကွဲ

မြဝတီ၊ အောက်တိုဘာ ၂၄ ကရင်ပြည်နယ် မြဝတီတောင်ဘက် မင်းလက်ပံနဲ့ ဖလူးနယ်မြေမှာ KNLA တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ထိုင်းသတင်းတွေဆီက သိရပါတယ်။ မြဝတီမြို့နယ်တောင်ဘက်ခြမ်းရှိ မင်းလက်ပံနဲ့ ဖလူးနယ်မြေတို့ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေလျက်ရှိရာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ စစ်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား…