October 2026

မြန်မာ မိုဘိုင်းလဲဂျန့် အသင်း အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူး

တိုကျို အောက်တိုဘာ ၁ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၂၀ မြောက် Asian Games Aichi-Nagoya 2026 ရဲ့ Esports အားကစားနည်း Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဇနက အသင်းဟာ ချန်ပီယံဖြစ်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့…

ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် စက်တင်ဘာလမှာ သေဆုံးသူ ၁၄၈ ဦးရှိ

ဒါကာ အောက်တိုဘာ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုအများဆုံးလဖြစ်ခဲ့တဲ့ စက်တင်ဘာလကို ဖြတ်သန်းပြီးနောက် အောက်တိုဘာလအတွင်း ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ မကြာသေးခင်က မိုးရွာသွန်းမှုတွေနဲ့ ရာသီဥတုပုံစံ ပြောင်းလဲလာမှုတွေဟာ သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ အေးဒိစ်ခြင်တွေ ပေါက်ဖွားမှုအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်တာကြောင့် အောက်တိုဘာလအထိ ကူးစက်မှုတွေ ဆက်လက်မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဂျာဟန်ဂရင်နာဂါ တက္ကသိုလ်က…

သဘာဝဘေးဒဏ်ကြုံနေရတဲ့ ထားဝယ်ဒေသကို စစ်တပ် ဗုံးကြဲ

ထားဝယ်၊ အောက်တိုဘာ ၁ ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ကြုံနေတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ရေဝိုင်းကျေးရွာကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ မြိတ်လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်လေယာဉ် တစ်စီးဟာ ရေဝိုင်းကျေးရွာကို ဗုံး နှစ်လုံး…

ကတိုင်တိ-ကမမောင်း တိုက်ပွဲမှာ စစ်တပ်ထံမှ သေနတ် ၁၃ လက် သိမ်းဆည်းရမိ

ဖာပွန်၊ အောက်တိုဘာ ၁ ကရင်ပြည်နယ် ဖာပွန်ခရိုင် ကတိုင်တိ-ကမမောင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ထံကနေ သေနတ် ၁၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ကတိုင်တိ-ကမမောင်းဒေသ ဘုရားကုန်းအကြား စစ်ရေးလှုပ်ရှားနေတဲ့ အာဏာသိမ်း စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့…

အမြဲတမ်း နေထိုင်ခွင့် ရရှိလိုတဲ့ နိုင်ငံခြားသားတွေအတွက် စည်းကမ်း ဥပဒေ ဂျပန် တင်းကြပ်

တိုကျို၊ အောက်တိုဘာ ၁ လူဝင်မှု ကြီးကြပ်ရေး တင်းကြပ်ဖို့ ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အမြဲတမ်း နေထိုင်ခွင့် ရရှိလိုတဲ့ နိုင်ငံခြားသားတွေအတွက် လိုအပ်ချက်ကို ဂျပန် အစိုးရက အောက်တိုဘာ ၁ ရက်မှာ တင်းကြပ်လိုက်ပါတယ်။ အဆင့်လိုက် အသက်ဝင်လာမယ့် စည်းကမ်း ဥပဒေသစ်တွေအရ ဂျပန်မှာ အမြဲတမ်း နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့…

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် မလေးရှားသို့ အောက်တိုဘာလအတွင်း သွားမယ်

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁ စစ်ခေါင်းဆောင် ရာထူးကနေ မြန်မာ သမ္မတ ရာထူး ရယူထားတဲ့ မင်းအောင်လှိုင် အောက်တိုဘာလအတွင်း မလေးရှားသို့ လာရောက်မှာ ဖြစ်ကြောင်း မလေးရှား နိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေနဲ့ ပဋိပက္ခကြောင့် ထွက်ပြေးလာရသူတွေ ပြန်လည် ပို့ဆောင်ရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ…