December 2025

စစ်အာဏာသိမ်း (၁၇၇၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၆၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၃ AAPP ရဲ့ ဒီဇင်ဘာ၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၇၆) ရက်အတွင်း ပြည်သူ (၇၅၆၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၂၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၃၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်မှာ စစ်တပ်အရာရှိတွေ မှောင်ခိုလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၃ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်တာတွေ အကြီးအကျယ် လုပ်ကိုင်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေဟာ ထိုင်းနိုင်ငံနယ်စပ်ကနေ ဝင်ရောက်လာတဲ့ တရားမဝင် တန်ဖိုးကြီး ကုန်ပစ္စည်းတွေကို သူတို့ရဲ့ ရာထူး အာဏာအသုံးပြုကာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်ပြီး…

မိုးကုတ်နဲ့ မိုးမိတ်ဒေသကို ပြန်လည်စိုးမိုးဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ကြွေးကြော်

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၃ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကျူးကျော်ဝင်ရောက်လာတဲ့ မိုးကုတ်နဲ့ မိုးမိတ်ဒေသကို နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG က ကြွေးကြော်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ပုံမှန်ထုတ်လွှင့်နေကျ ပြည်သူလူ ထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ…

တနင်္သာရီမှာ စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၀ ဦးထက်မနည်း သေဆုံး

မြိတ်၊ ဒီဇင်ဘာ ၁၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကော်မရှင်ယာဉ်တန်း မိုင်းဆွဲခံရပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်ကိုလာတဲ့ ကားခုနစ်စီးပါ စစ်ကော်မရှင်ယာဉ်တန်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ညောင်ပင်ကုန်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ပြီး…

လွိုင်ကော်မှာ မြေမြှုပ်မိုင်းကြောင့် သုံးလအတွင်း သေဆုံးသူ ၃ ဦး ရှိ

မော်လမြိုင် ဒီဇင်ဘာ ၁၂ ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလတာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၃ ရှိပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းကနေ လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ လတ်တလော တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ လွိုင်ကော်မြို့အတွင်းကို တခြားဒေသတွေမှာ ရောက်ရှိနေခဲ့တဲ့ စစ်ဘေးရှာင်တွေ နေရပ်ပြန်လာချိန် မရှင်းလင်းရသေးတဲ့…

ထရန့်ရဲ့ လက်မှာ ပလာစတာ ကပ်ထားရတာက လက်ဆွဲနှုတ်ဆက်ရတာ များလွန်းတာကြောင့်လို့ အိမ်ဖြူတော် ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ညာလက် လက်ခုံပေါ်မှာ အခုရက်ပိုင်း ပလာစတာကပ်ထားရတာဟာ လက်ဆွဲ နှုတ်ဆက်ရတဲ့ အကြိမ်ရေများလွန်းတာကြောင့် ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။ အသက် ၇၉ နှစ်အရွယ် သမ္မတရဲ့ လက်ပေါ်မှာ မိတ်ကပ်ထူထူနဲ့ ဖုံးထားတဲ့ ပွန်းပဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ…

လွှတ်တော် ဖျက်သိမ်းမှုကြောင့် နယ်စပ် စစ်ဆင်ရေးတွေအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့ ထိုင်းဗိုလ်ချုပ် ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၁၂ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပေမယ့် ထိုင်းအစိုးရဟာ ထိုင်းပြည်သူတွေကို ကာကွယ်ရေး သေချာအောင် ဆက်လက် လုပ်ဆောင်နေပြီး နိုင်ငံတော် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေး တရားဝင် လုပ်ပိုင်ခွင့်အာဏာနဲ့အတူ လုပ်ငန်းဆောင်တာတွေကို ယာယီ အစိုးရအနေနဲ့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ဆိုင်ရာ ပူးတွဲပြန်ကြားရေး စင်တာက အတည်ပြုပါတယ်။ လွှတ်တော်ကို ဒီဇင်ဘာ ၁၁…

ရခိုင်မှာ ၂ နှစ်အတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၂၀၀ နီးပါး သေဆုံး

စစ်တွေ၊ ဒီဇင်ဘာ ၁၂ ရခိုင်ပြည်နယ် စစ်ကော်မရှင်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက် ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃…

မဲပေးတာ မပေးတာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒဖြစ်တယ်လို့ စစ်ခေါင်းဆောင် ပြောပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲပေးတာ မပေးတာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမှာ အစိုးရ တာဝန်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကော်မရှင်ခန့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုင်းအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ထပ်မံပြောဆိုခဲ့တာ…

မြောက်ဦးဆေးရုံ လေကြောင်း တိုက်ခိုက်မှု ကုလသမဂ္ဂ ပြစ်တင်ရှုတ်ချ

ဟမ်မီလ်တွန်၊ ဒီဇင်ဘာ ၁၂ လူနာတွေ စောင့်ရှောက်ပေးနေသူတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဆေးရုံ လေကြောင်း တိုက်ခိုက်မှုကို ကုလသမဂ္ဂက ဒီဇင်ဘာ ၁၁ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆေးရုံတစ်ရုံကို လေကြောင်း တိုက်ခိုက်တဲ့ သတင်းကြောင့် ကုလသမဂ္ဂက…