October 2024

အစ္စရေးကို တိုက်ခိုက်ဖို့ မဟာမိတ်တွေအား အီရန်ခေါင်းဆောင် တိုက်တွန်း

တီဟီရန်၊ အောက်တိုဘာ ၅ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အများရှေ့ ပထမဆုံး ပြန်ပေါ်လာပြီး အစ္စရေး ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တုံ့ပြန်တိုက်ခိုက်တာ ဖြစ်လို့ တရားဝင်တယ်လို့ ပြောကြားကာ အစ္စရေးကို ပူးပေါင်းဆန့်ကျင် တိုက်ခိုက်ကြဖို့ မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။ ငါးနှစ်အတွင်း ပထမဆုံး…

ယီမင်ရှိ ဟူသီအဖွဲ့ကို အမေရိကန်က စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်

ဝါရှင်တန်၊ အော်တိုဘာ ၅ ယီမင်နိုင်ငံရှိ အီရန် ထောက်ပံ့ပေးထားတဲ့ ဟူသီအဖွဲ့ရဲ့ ပစ်မှတ် ၁၅ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောကြားလိုက်ပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် ကာကွယ်ရေး စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန်က ပြောပါတယ်။ မြို့တော် ဆာနား အပါအဝင် ယီမင်နိုင်ငံရဲ့ အဓိက…

ပုလောမှာ သန်းခေါင်စာရင်းလုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရလို့ ကောက်ယူမှုရပ်နား

ပုလော၊ အောက်တိုဘာ ၅ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ သန်းခေါင်းစာရင်းကောက်ယူဖို့အတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီးနောက် သန်းခေါင်းစာရင်းကောက်ယူမှု ရပ်နားထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပုလောမြို့နယ် အမှတ် ၁ ၊ အမှတ် ၂ ၊ အမှတ် ၃ ၊ အမှတ် ၄…

စစ်အုပ်စုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံး

မော်လမြိုင် ၊ အောက်တိုဘာ ၅ နိုင်ငံတဝန်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေခြင်းကြောင့် စက်တင်ဘာတစ်လအတွင်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ် ပြန်ပါတယ်။ BWU ရဲ့ အဆိုအရ ဒေသအလိုက် အမျိုးသမီးတွေ သေဆုံးခဲ့ရမှုမှာ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်း၊ ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊…

ကျိုက်ထိုမှာ အမျိုးသားတစ်ဦးပစ်သတ်ခံရ

ကျိုက်ထို၊ အောက်တိုဘာ ၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ ကျိုက္ကသာ-ဘိုရားကြီး -ကော့ထင်းလမ်းပိုင်းမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ အ သက် ၅၄ နှစ်အရွယ် ဦးဆန်းဦးဟာ သူပိုင်လယ်ထဲကနေ နေအိမ်ပြန်လာစဉ် သေနတ်နဲ့…

စစ်အာဏာသိမ်း (၁၃၄၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၅၈) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၅ AAPP ရဲ့ အောက်တိုဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၄၂) ရက်အတွင်း ပြည်သူ (၅၇၅၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၁၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

နိုင်ငံတဝန်းမှာ လေးလအတွင်း အရပ်သား ၇၀၀ ကျော် သတ်ဖြတ်ခံရ

မော်လမြိုင် ၊ အောက်တိုဘာ ၅ နိုင်ငံတဝန်းမှာ အခုနှစ်လေးလအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မေလကနေ ဩဂုတ်လအတွင်း မြို့ နယ် ၃၅ မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ် ဖြတ်မှု တွေထဲမှာ စစ်အုပ်စုက ၉၁…

ကျိုက်ထိုမှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ လေးဦးသေဆုံး

ကျိုက်ထို၊ အောက်တိုဘာ ၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ တောရကျောင်းအနီးမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အင်အား ၂၀ ကျော်နဲ့ စစ်တပ်သုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးလာပြင်တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်မှုမှာ…

ဘီးလင်းမှာ တစ်ရက်တည်း ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံရ

ဘီးလင်း၊ အောက်တိုဘာ ၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့ တစ်ရက်တည်း လမ်းသွားလမ်းလာတွေအပါအဝင် ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့ဟာ အဲဒီနေ့က ဘီးလင်းမြို့ ဗိုလ်တေဇရပ် ကွက်အနီး ဘီးလင်း-နတ်ကြီးလမ်းပိုင်း လုံခြုံရေးဂိတ်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။ ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ပဲခူးတိုင်း…

ကရင်ပြည်နယ်က သန်းခေါင်စာရင်းကောက်ယူမှုမှာ BGF နဲ့ DKBA လုံခြုံရေးပါဝင်

ဘားအံ၊ အောက်တိုဘာ ၅ ကရင်ပြည်နယ်မှာ စစ်ကောင်စီ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းအတွက် နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်DKBA တို့က လုံခြုံရေး ယူပေးတာတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူနေရာမှာ ကရင်ပြည်နယ်ထဲမှာလည်း မြို့ပေါ်ရပ်ကွက်ကျေးရွာတွေအထိ ကွင်းဆင်းပြီး…