2024

စစ်အာဏာသိမ်း (၁၃၆၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၇၉) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၄ AAPP ရဲ့ အောက်တိုဘာ ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၆၁) ရက်အတွင်း ပြည်သူ (၅၈၇၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၆၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

တနင်္သာရီ တန်ပြန်စစ်ဆင်ရေးမှာ စစ်ကောင်စီ တိုက်ခိုက်ရေးဒရုန်းတွေ ပိုသုံးလာ

တနင်္သာရီ၊ အောက်တိုဘာ ၂၄ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အကြီးစား တိုက်ခိုက်ရေးဒရုန်းတွေကို ပိုမိုအသုံး ပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ်းရိုးတန်း တိုင်းစစ်ဌာချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး တိုက်ခိုက်ရေးဒရုန်းတွေကို အဓိကထား အသုံးပြုလာတာပါ။ ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့အတွက်လည်း…

လူမဆန်တဲ့ ရက်စက်မှုအပေါင်း သရဖူဆောင်းလာတဲ့ စစ်ကောင်စီ

ဘုတလင် ၊ အောက်တိုဘာ ၂၄ စိုးမိုးနယ်မြေများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူး လွန်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် တော်လှန် ရေးတပ်တွေ လှုပ်ရှားတဲ့ ဒေသတွေကိုလည်း အင်အားအလုံးအရင်းနဲ့…

နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် သုံးလအတွင်း အရပ်သား ၁၀၀၀ ကျော် သေဆုံး

လားရှိုး၊ အောက်တိုဘာ ၂၄ နိုင်ငံတဝန်းမှာ အခုနှစ် သုံးလအတွင်း စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၀၄၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအနည်းဆုံး ၁၃၈၃ ဦး ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ သေဆုံးဒဏ်ရာရမှုဟာ စစ်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိသလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေ…

သထုံခရိုင်မှာ လာမယ့်ရက်ပိုင်းအတွင်း စစ်မှုထမ်းဖမ်းဆီးဖို့ရှိနေ

သထုံ၊ အောက်တိုဘာ ၂၄ မွန်ပြည်နယ် သထုံခရိုင်မှာ စစ်မှုထမ်းခေါ်မရတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း စစ်မှုထမ်း ဖမ်းဆီးဖို့ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံ လွင်တိုင်းမ်ကို ပြောပြလာပါတယ်။ လာမယ့်စစ်မှုထမ်းအပတ်စဉ် ၇ အတွက် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တို့ကနေ စစ်မှုထမ်းပေးဆောင်ဖို့ အလှည့်ကျတယ်လို့ သိရပါတယ်။ စစ်မှုထမ်းသင်တန်းအတွက်…

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၈ ဦး ဒဏ်ရာရ

မကွေး အောက်တိုဘာ ၂၃ မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက်မှာ ထီးလင်းမြို့နယ် အိုင်းမရွာနဲ့ ချောင်းပေါက်လမ်းဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ “တစ်ဦးသေတယ်။ ရှစ်ဦးဒဏ်ရာရတယ်။ တိုက်ပွဲမရှိဘဲနဲ့…

စစ်ဗိုလ်ချုပ် လူအွန်ကူအွန်ကို ဗီယက်နမ်သမ္မတအဖြစ် တင်မြှောက်

ဟနွိုင်း၊ အောက်တိုဘာ ၂၃ နိုင်ငံရေး ဝရုန်းသုန်းကား ဖြစ်ပြီးနောက် စစ်ဗိုလ်ချုပ် လူအွန် ကူအွန်ကို ဗီယက်နမ်လွှတ်တော်က သမ္မတအသစ်အဖြစ် အောက်တိုဘာ ၂၁ ရက်မှာ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ မကြုံစဖူး နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပွားပြီးနောက် အသက် ၆၇ နှစ်အရွယ် လူအွန် ကူအွန်ဟာ သုံးနှစ်အတွင်း ဗီယက်နမ်ရဲ့ စတုတ္ထမြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှု…

ရုရှားသို့ စစ်သားတွေ စေလွှတ်ထားတာ မရှိဘူးလို့ မြောက်ကိုရီးယား ငြင်းဆို

နယူးယောက်၊ အောက်တိုဘာ ၂၃ ယူကရိန်းအား ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သားတွေ စေလွှတ်ထားတာ မရှိကြောင်းနဲ့ တောင်ကိုရီးယားက အခြေအမြစ် မရှိပြောဆိုမှုသာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ကိုယ်စားလှယ် တစ်ဦးက အောက်တိုဘာ ၂၂ ရက် ပြောကြားလိုက်ပါတယ်။ ရုရှား အရှေ့ဖက်စွန်းမှာ မြောက်ကိုရီးယား အထူး တပ်ဖွဲ့ဝင် ၁၅၀၀…

ဘူးသီးတောင်ရှိ ARSA တပ်စခန်း လေးခုကို AA သိမ်းပိုက်

ဘူးသီးတောင်၊ အောက်တိုဘာ ၂၃ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ အာရက္ခတပ်တော် နဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ARSA စခန်းချထားတဲ့ နေရာ လေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ AA က အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ…

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်ခရိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပထမဆုံး CI စင်တာ ဖွင့်လှစ်မယ်

ဆာမွတ်ဆာခွန်၊ အောက်တိုဘာ ၂၃ စီးပွားရေးတည်ငြိမ်စေဖို့ ရည်ရွယ်ပြီး အလုပ်သမားတွေရဲ့ အခြေအနေကို သက်သေပြဖို့နဲ့ စာရွက်စာတမ်းတွေ လိုအပ်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးဖို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ဆာမွတ်ဆာခွန်ခရိုင်မှာ လာမယ့်လအတွင်း မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံကတ်ပြား CI ထုတ်ပေးရေး ပထမဆုံးစင်တာ တစ်ခု ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ ရွှေ့ပြောင်းအလုပ်သမားကိစ္စ စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသား ကော်မတီနဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက်…