April 2024

စစ်အာဏာသိမ်း (၁၁၈၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၅၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၁ AAPP ရဲ့ ဧပြီ ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၈၅) ရက်အတွင်း ပြည်သူ (၄၉၅၇ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၂၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မြို့ရွာတွေအတွင်း တော်လှန်ရေးအဖွဲ့တွေ မရှိအောင် စစ်တပ်နဲ့ပူးပေါင်းဖို့ ဒုစစ်ခေါင်းဆောင်ပြော

မော်လမြိုင် ၊ မေ ၁ တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်တဲ့ မြို့ရွာ‌တွေအတွင်း တော်လှန်ရေးအဖွဲ့တွေ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစွာနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို စစ်တပ်နဲ့အတူ ပူးပေါင်းဖို့ ဒုစစ်ခေါင်းဆောင်က ပြောလာပါတယ်။ လူမြင်ကွင်းကနေ တစ်လနီးပါးပျောက်ကွယ်မှုကြောင့် သတင်းအမျိုးမျိုးထွက်ပေါ်နေတဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဧပြီ ၂၉ ရက်နေ့က စစ်တပ်ဝါဒဖြန့် ရုပ်သံတွေမှာ ပေါ် ထွက်လာခဲ့ပါတယ်။ စစ်တပ်ဝါဒဖြန့် ရုပ်သံသတင်းတွေရဲ့ဖော်ပြချက်အရ…

အခုနှစ်ရာသီမှာ မွန်ပြည်နယ်က ငါးဖမ်းလုပ်ငန်းတွေ အရှုံးပေါ်

မော်လမြိုင် ၊ မေ ၁ မွန်ပြည်နယ်အတွင်းရှိ ကမ်းနီးကမ်းဝေးငါးလုပ်ငန်းတွေဟာ ကုန်ဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် အခုနှစ်ငါးဖမ်းရာသီမှာ အရှုံးပေါခဲ့တယ်လို့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ်းနီးကမ်းဝေး ငါးဖမ်းရာသီကို နှစ်စဉ်ဇူလိုင်လကနေ ဧပြီလကုန်အထိ သတ်မှတ်ထားပေမယ့် ဒီနှစ်မှာတော့ ငါးရရှိမှု သိသိသာသာ ကျဆင်းလာတာ၊ ကုန်ကျစရိတ်ကြီးမြင့်တာနဲ့ ငါးဈေးထင်သ လောက် မကောင်းတာကြောင့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ဒါ့အပြင်…

နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားပြီလို့ NUG ပြော

မော်လမြိုင်၊ မေ ၁ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်ရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီ ၃၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးနေဘုန်းလတ်က ထည့်သွင်းပြောကြားခဲ့တာပါ။ ဦးနေဘုန်းလတ်က သုံးနှစ်အတွင်း…

မြဝတီမြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ စစ်ကူပို့ဆောင်နေ

မြဝတီ၊ ဧပြီ ၃၀ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ တပ်အင်အားဖြည့်တင်းတာ၊ ရိက္ခာပို့ဆောင်တောတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဧပြီ ၂၉ ရက်နေ့က စစ်ကောင်စီ လေယာဉ် ၂ စီးဟာ မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေရှိနေတဲ့ ရှေ့တန်းရုံးထဲကို မနက် ၁၁ နာရီခွဲအချိန်က တစ်ကြိမ်၊ ညနေ…

မဟာဗောဓိမြိုင်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

ကန့်ဘလူ၊ဧပြီ ၃၀ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် မလည်တိုက်နယ် နေယျဓမ်တောရမှာ သီတင်းသုံးနေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်ဝန်းကျင် မှာ ဘဝနတ်ထံပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ သိရပါတယ်။ သက်တော် ၈၃ နှစ်၊သိက္ခာတော် ၄၅ ဝါရှိပြီဖြစ်တဲ့ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အကြောင်း ကို ဒါယိကာ၊ဒါယိကာမတွေက ဝမ်းနည်းကြောင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ…

ဘီးလင်းမှာ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ ဧပြီ ၃၀ မွန်ပြည်နယ် ဘီးလင်မြို့နယ် ယက္ကန်းသည်မကျေးရွာမှာ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာခြံရဲ့ စိုက်ပျိုးရေးတာဝန်ခံလည်းဖြစ်တဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင် နေအိမ်ပြန်လာစဉ် အမည်မသိ သေနတ်သမားတွေက နေအိမ်အတွင်း…

ယူကရိန်းကို လက်နက်ပေးပို့မှု အရှိန်မြှင့်မယ်လို့ နေတိုးအဖွဲ့အကြီးအကဲ ကတိပြု

ကိဗ်၊မေ ၁ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်နက်ပေးပို့ကူညီရေး ကတိတွေအတိုင်း ဆောင်ရွက်ဖို့ မကြာသေးခင်လတွေက ပျက်ကွက်ခဲ့ပေမယ့် အခုချိန်မှာတော့ ယူကရိန်းကို လက်နက်တွေ တိုးမြှင့်ပေးပို့သွားမှာဖြစ်တယ်လို့ နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုးလ်တန်ဘာဂ့်က ကတိပြုလိုက်ပါတယ်။ ယူကရိန်းကို မကြေညာဘဲသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ စတိုးလ်တန်ဘာ့ဂ်က ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်းလွှတ်တော်မှာ ရှင်းလင်းတင်ပြသွားမှာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက…

ထိုင်းရဲ့ မြန်မာ့အရေးဖြေရှင်းမယ့် အစီအစဉ် အာဆီယံအလှည့်ကြ ဥက္ကဋ္ဌ ထောက်ခံ

ဘန်ကောက်၊မေ ၁ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် အာဆီယံ ၃ နိုင်ငံနဲ့အထက် အစည်း အဝေးကျင်းပရေး ထိုင်း အဆိုပြုချက်ကို လာအိုနိုင်ငံက ထောက်ခံကြိုဆိုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နီကွန်ဒိုင် ဘလန်ကူရာက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ ထိုင်းရဲ့အဆိုပြုချက်တွေနဲ့ပတ်သက်ပြီး အခုလိုပြောခဲ့တာပါ။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ ငြိမ်းချမ်းရေးကို ထောက်ခံအားပေးရေး ထိုင်းက…

ရွှေကျင်မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ၆၀၀၀ နီးပါး ထွက်ပြေးနေရ

ရွှေကျင်၊ ဧပြီ ၃၀ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူလူထု ၆၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ အဲဒီစစ်ကြောင်းဟာ ဧပြီ ၂၆ ရက်နေ့ကစပြီး ရွှေကျင်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျောက်တန်း၊ အင်္ဂနီ၊ သရက်ချောင်း၊ပဇင်းပင်ကျောက်ပုံစိတ်နဲ့ ရုံးဒိုင်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ KNU ရဲ့…