မဟာဗောဓိမြိုင်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

0
52

ကန့်ဘလူ၊ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် မလည်တိုက်နယ် နေယျဓမ်တောရမှာ သီတင်းသုံးနေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်ဝန်းကျင် မှာ ဘဝနတ်ထံပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ သိရပါတယ်။ 

သက်တော် ၈၃ နှစ်၊သိက္ခာတော် ၄၅ ဝါရှိပြီဖြစ်တဲ့ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အကြောင်း ကို ဒါယိကာ၊ဒါယိကာမတွေက ဝမ်းနည်းကြောင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားနေ ကြတာပါ။

လက်ရှိအချိန်ထိ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့အခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။ 

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.