မြောင်မြို့နယ်မှာ တရားစခန်းကို စစ်တပ် ဗုံးကြဲလို့ ၁၄ ဦး သေဆုံး
စစ်ကိုင်း ဩဂုတ် ၂၁ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆွဲလဲအို ကျေးရွာတရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းက ဗုံးကြဲတာကြောင့် ၁၄ ဦးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆွဲလဲအိုရွာ တရားစခန်းကို သြဂုတ် ၂၁ ရက် မနက်ပိုင်းက လေကြောင်းကနေ တိုက်ခိုက်တာဖြစ်ပြီး ညနေ ၅ နာရီအထိ ၁၄ ဦးသေဆုံးပြီးဖြစ်တယ်လို့ သိရပါတယ်။ “တရားစခန်းရဲ့ အမျိုးသားဆောင်ပေါ်ကို တည့်တည့်ကျတော့…
