August 2026

တောင်ကိုရီးယားမှာ အပူချိန် စံချိန်တင် မြင့်တက်

ဆိုးလ်၊ သြဂုတ် ၃ တောင်ကိုရီးယားမှာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်စုက မှတ်တမ်းမှတ်ရာတွေ ထားရှိခဲ့ပြီး နောက်ပိုင်း အခုလတ်တလောကာလမှာ အပူချိန် စံချိန်တင် မြင့်တက်နေပါတယ်။ အပူချိန် မြင့်မားရာ ဒေသတွေမှာ အပြင်ဖက် လှုပ်ရှားမှုတွေ အားလုံး ရပ်တန့်ထားဖို့ အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးထားပါတယ်။ အရှေ့တောင်ပိုင်းမြို့ ယန်ဆန်းမှာ သြဂုတ် ၂ ရက် မွန်းလွဲ…

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ် လာရောက်တွေ့ဆုံခဲ့တယ်လို့ စစ်အစိုးရ ထုတ်ပြန်

နေပြည်တော် ဩဂုတ် ၃ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ဒီကနေ့ သြဂုတ် ၃ ရက်နေ့ မနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက မှတ်တမ်းဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။ စစ်တပ် အသွင်းပြောင်း အစိုးရက ထုတ်ပြန်တဲ့…

ရက် ၁၀၀ စီမံချက်အလွန် နိုင်ငံတော်သစ်တည်ဆောက်မယ်လို့ မင်းအောင်လှိုင် လေလုံးထွားလာပြန်

နေပြည်တော် ၊ ဩဂုတ် ၁ စစ်တပ် အသွင်းပြောင်း အစိုးရအနေနဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် ၂ နှစ် အချိန်ယူမှာဖြစ်ပြီး အရှိန်အဟုန်နဲ့ တည်ဆောက်မှုကို ၃ နှစ် အချိန်ယူဆောင်ရွက်မယ်လို့ အရပ်သားအသွင်ဆောင်ထားတဲ့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လေးလုံးထွားလာပြန်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း သူတို့နဲ့အတူ ကဏ္ဍအသီးသီးကနေ တက်ကြွစွာ ပါဝင်ကူညီပေးကြဖို့ ဇူလိုင် ၃၁…

ဌာနတွင်း သတင်းပေးမှုကြောင့် ထားဝယ်မြို့နယ် ဒုအကောက်ခွန်မှူးကို PDF ဖမ်းဆီး

ထားဝယ်၊ ဩဂုတ် ၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန ဒုအကောက်ခွန်မှူးကို ဌာနတွင်း သတင်းပေးမှုကြောင့် ဖမ်းဆီးရမိထားတယ်လို့ PDF တနင်္သာရီတိုင်းစစ်ဌာန ဗျူဟာ ၃၃ က သြဂုတ် ၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ အသက် ၅၀ အရွယ် ဒုအကောက်ခွန်မှူး ဦးဖြိုးစံကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က တနင်္သာရီ…

မွန်မှာ စစ်မှုထမ်း အပတ်စဉ် ၂၇ အတွက် လူငယ်ရာချီ စစ်သားစုဆောင်းခံရပြန်

မော်လမြိုင် ၊ ဩဂုတ် ၂ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဖွင့်လှစ်ဖို့ ရှိနေတဲ့ ပြည်သူ့ စစ်မှုထမ်း အပတ်စဉ် ၂၇ သင်တန်းအတွက် လူငယ် ရာနဲ့ချီ အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရပါတယ်။ အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ လူငယ်တွေကို သြဂုတ် ၁ ရက်နေ့က မော်လမြိုင်မြို့ အမှတ် (၄၆) မောရဝတီ ရေတပ်စခန်းဌာနချုပ်ရှိ စစ်တပ်…

ထုတ်ပယ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးကို ပြန်ခန့်ဖို့ ယူကရိန်းနိုင်ငံသား ထောင်နဲ့ချီ ဆန္ဒပြတောင်းဆို

ကိဗ်၊ သြဂုတ် ၁ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ကိဗ်မြို့ မြို့လယ်ခေါင်မှာ ယူကရိန်း နိုင်ငံသား ထောင်ချီ စုဝေးပြီး ကာကွယ်ရေးဝန်ကြီး မီခေးလို ဖီဒိုရော့ဗ်ကို သမ္မတ ဇီလန်စကီးရဲ့ ထုတ်ပယ်မှုအပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဝန်ကြီး ဖိုဒိုရော့ဗ်ဟာ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း စစ်တပ်ကို ဆန်းသစ် တီထွင်မှုတွေ လုပ်ပေးခဲ့လို့…

ရာသီဥတု ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အန္တရာယ်ပိုများလာ

ဘရပ်ဆဲလ်၊ သြဂုတ် ၁ ရာသီဥတု အရေးပေါ် အခြေအနေနဲ့ သဘာဝတရား ပျက်ပြားမှုတို့ကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အန္တရာယ်ဟာ အံ့သြစရာ ကောင်းလောင်အောင် ဖြစ်ပေါ်လာနေတယ်လို့ ဥရောပ ဗဟိုဘဏ် ECB အကြီးတန်း မူဝါဒ ရေးဆွဲသူ တစ်ဦးက ပြောပါတယ်။ ECB ရဲ့ ဘုတ်အဖွဲ့ဝင် တစ်ယောက်ဖြစ်သူ ဖရန့် အယ်လ်ဒါဆင်က ဂေဟစနစ်ရဲ့ ဖျက်ဆီးမှုတွေနဲ့ ဆက်စပ်တဲ့…

လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းက နေအိမ်မီးရှို့ လူဖမ်းနေ

လောင်းလုံး၊ သြဂုတ် ၁ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်တပ်က ဒေသခံပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၅၀၀ လောက်ရှိတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်း သုံးကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ် မြို့ဟောင်း၊…

ရေကူးပြီး ရောက်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ မော်ရိုကိုသို့ ပြန်ပြီလို့ စပိန်ပြော

ဘာစီလိုနာ၊ သြဂုတ် ၁ နယ်စပ် ကုန်းလမ်း ရေလမ်းကနေဖြတ်ကျော်ပြီး စပိန်နိုင်ငံရဲ့ မြောက်အာဖရိက ကျွန်း သေဥတာသို့ ရောက်ရှိလာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၅၀၀၀ ကျော်ဟာကိုယ့်သဘောနဲ့ကိုယ် ပြန်သွားကြပြီလို့ စပိန် အစိုးရက ဇူလိုင် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။ စပိန်နယ်စပ်မှာ အလောင်း ၅၇ လောင်း ရှာတွေ့ထားတယ်လို့ သေဥတာကျွန်းရှိ စပိန်အစိုးရ ကိုယ်စားလှယ်က ပြောကြားပြီး…

လူငယ်တွေ အပျော်အပါးလျှော့ဖို့ ဦးမင်းအောင်လှိုင် ပြော

နေပြည်တော်၊ သြဂုတ် ၁ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် မလုံခြုံမှုတွေ ရှိနေတဲ့ လူငယ်တွေကို အပျော်အပါးလျှော့ကြဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောလာပါတယ်။ မနေ့ ဇူလိုင် ၃၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားပြီးနောက် သတင်းမီဒီယာတွေနဲ့…