August 2026

သထုံမြို့က “ထွန်းစတိုး”ဆိုင်ကို စစ်တပ် ဝင်စီး

သထုံ၊ ဩဂုတ် ၄ မွန်ပြည်နယ် သထုံမြို့မှာ လူသိများတဲ့ “ထွန်းစတိုး”ဆိုင်ကို အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် ထိုင်ကုန်ပစ္စည်း အများအပြား သိမ်းဆည်းသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာ အာဏာသိမ်း စစ်တပ်က ကား ၉ စီးနဲ့ ရောက်ရှိလာပြီးနောက် “ထွန်းစတိုး”ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။…

စစ်အာဏာသိမ်း (၂၀၁၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၂၄) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်၄ AAPP ရဲ့ သြဂုတ်၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၁၀) ရက်အတွင်း ပြည်သူ (၈၂၂၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၆၃၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၈၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ရေး ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စု အသုံးချ

နေပြည်တော် ၊ ဩဂုတ် ၄ အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရက အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ဩဂုတ် ၃ ရက်နေ့…

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုဆိုးလာတယ်လို့ KHRG ပြော

မော်လမြိုင်၊ သြဂုတ် ၄ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အခုနှစ်ဝက်အတွင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ ပိုမိုဆိုးရွားလာနေပြီး ရွာသားတွေရဲ့ ထွက်ပြေးတိမ်းရှောင်နေရမှုတွေလည်း ပိုပြီးများပြားလာနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။ “ဓာတ်ပုံသတင်း-မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်း ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ” ခေါင်းစဉ်နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ဩဂုတ် ၃ ရက်နေ့ထုတ် အစီရင်ခံစာမှာ ထည့်သွင်းပြောဆိုထားပါတယ်။ ၂၀၂၆ ခုနှစ်…

မွန်မှာ ကျားဖြန့်က လူအသုံးအဆောင် ပစ္စည်းတွေကို စစ်တပ် ပြန်ရောင်းစားနေ

မော်လမြိုင် ၊ ဩဂုတ် ၄ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကနေ သိမ်းဆည်းထားတဲ့ လူအသုံးအဆောင် ပစ္စည်းတွေကို အနိမ့်ဈေးနဲ့ ပြန်ရောင်းစားနေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ အခုနှစ်ဆန်းပိုင်းကစလို့ ကျားဖြန့်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုနယ်မြေနဲ့ KK Park နယ်မြေတို့က ကျားဖြန့်အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးမှုတွေ…

အင်ဒိုနီးရှား ကူးတို့ယာဉ် မီးလောင်မှုမှာ လူ ၅ ဦး သေဆုံးပြီး ၄၁ ဦး ပျောက်ဆုံး

ဆူရာဘာယာ၊ သြဂုတ် ၃ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်က ပင်လယ်ပြင်မှာ အင်ဒိုနီးရှား ကူးတို့ယာဉ် မီးစွဲလောင်ခဲ့တဲ့ ဖြစ်ရပ်အတွင်း လူ ၅ ဦး သေဆုံးပြီး ခုန်ချသူတွေ အပါအဝင် ၄၁ ဦး ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ကယ်ဆယ်ရမိသူ ၂၂၅ ဦး ရှိကြောင်း ဆူရာဘာယာ ဒေသဆိုင်ရာ…

မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းနဲ့ သွယ်တန်းယူဖို့ ဘင်္ဂလားဒေ့ချ် အဆိုပြု

ဒါကာ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်တွင်းသဘာဝဓာတ်ငွေ့ လုံလောက်မှုနည်းလာတာကြောင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်သွင်းနိုင်ဖို့ ရည်ရွယ်ပြီး အိမ်နီးချင်း မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းနဲ့ တင်သွင်းလိုကြောင်း အဆိုပြုလိုက်ပါတယ်။ ဒီအဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ်၊ စွမ်းအင်နဲ့ သတ္တုအရင်းအမြစ်ဝန်ကြီး အစ်ဘဲ ဟာဆန် မာမွတ်က ဩဂုတ် ၂ ရက်နေ့က သူ့ရဲ့ဝန်ကြီးဌာနရုံးမှာ စစ်အစိုးရခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်…

မော်လမြိုင်မှာ ဆိုင်ကယ်လု လူသတ်မှု ကျုးလွန်သူ သုံးဦး ဖမ်းမိ

မော်လမြိုင်၊ သြဂုတ် ၃ မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ရိုးတန်း ချစ်သူလမ်းကြားမှာ ဆိုင်ကယ်တက္ကစီသမား တစ်ဦးကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့တဲ့သူ သုံးဦးကို ဖမ်းဆီးရမိထားပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လူသတ်မှု ကျူးလွန်သူ သုံးဦးဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က အသက် ၂၀ အရွယ် တိုးချစ်လင်း၊ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်နဲ့ ကြံခင်းမြို့နယ်က အသက်…

တီဟီရန်ကို တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ တောင်းဆိုထားတယ်ဆိုတဲ့ ထရန့် ပြောဆိုမှု အီရန် မီဒီယာ ပယ်ချ

တီဟီရန်၊ သြဂုတ် ၃ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ အီရန်က အမေရိကန်ကို တောင်းဆိုထားတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ပြောဆိုမှုကို အီရန် Mehr သတင်းဌာနက သြဂုတ် ၂ ရက်မှာ ပယ်ချလိုက်ပါတယ်။ စစ်ဖက်ဆိုင်ရာ အရာရှိတွေကို ကိုးကားပြီး ဖော်ပြရာမှာ အဲဒီ သတင်းဌာနက ထရန့်ရဲ့ စွပ်စွဲချက်တွေဟာ ဘာမှ မဟုတ်ဘဲ…

စစ်တပ် တိုက်လေယာဉ် တစ်စီး ငှက်ဝင်တိုက်လို့ ပျက်ကျ

ရန်ကုန်၊ သြဂုတ် ၃ အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ငှက်တစ်ကောင် တိုက်ခိုက်မှုကြောင့် ပျက်ကျသွားတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ ဒီကနေ့ သြဂုတ် ၃ ရက်နေ့မှာ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်ရေး လေယာဉ်ဟာ သြဂုတ် ၃ ရက် မနက် ၅ နာရီ ၁၆ မိနစ်ခန့်မှာ ရန်ကုန်တိုင်း…