ရန်ကုန်၊ သြဂုတ် ၃

အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ငှက်တစ်ကောင် တိုက်ခိုက်မှုကြောင့် ပျက်ကျသွားတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ ဒီကနေ့ သြဂုတ် ၃ ရက်နေ့မှာ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်ရေး လေယာဉ်ဟာ သြဂုတ် ၃ ရက် မနက် ၅ နာရီ ၁၆ မိနစ်ခန့်မှာ ရန်ကုန်တိုင်း မှော်ဘီမြို့ ညောင်နှစ်ပင်ကျေးရွာအနီးမှာ ငှက်တစ်ကောင်နဲ့ တိုက်ခိုက်မှု Bird Strike ဖြစ်ပွားခဲ့ပြီး အင်ဂျင်ခန်းအတွင်းသို့ ဝင်ရောက်လာတာကြောင့် အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အင်ဂျင်မီးလောင်မှုကြောင့် လေယာဉ်မှူးအနေနဲ့ လေယာဉ်ရဲ့ အနေအထားကို လူနေအိမ်ရှင်းတဲ့ အရပ်မျက်နှာဘက်သို့ လှည့်ပြီး Eject ပြုလုပ် ခုန်ထွက်ခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတစ်ဝိုက်သို့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပြီး အဲဒီဖြစ်စဉ်မှာ လေယာဉ်ပေါ် လိုက်ပါလာတဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုထားပါတယ်။

ဒါပေမယ့် ငှက်ဝင်တိုက်မှုကြောင့် ပျက်ကျသွားတဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ ဘယ်အမျိုးအစား တိုက်ခိုက်ရေး လေယာဉ် ဖြစ်တယ်ဆိုတာကိုတော့ စစ်တပ်ဘက်က တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.