February 2024

သပိတ်မှောက်ဆရာဝန်တွေ လုပ်ငန်းခွင် ပြန်မဝင်ရင် အရေးယူမယ်လို့ ကိုရီးယားအစိုးရ သတိပေး

ဆိုးလ်၊ မတ် ၁ အလုပ်ပြန်ဆင်းဖို့ နောက်ဆုံးရက်သတ်မှတ်ထားပေမယ့် ဆရာဝန်အများစုဟာ အလုပ်ပြန်မဝင် ကြသေးဘူးလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးကပြောခဲ့ပြီး အလုပ်ပြန်မဆင်းရင် ဥပဒေအရ အရေးယူခံရမယ်လို့ သတိပေးထားပါတယ်။ အငယ်တန်းဆရာဝန် ၁၀၀၀၀ လောက်ဟာ ဆရာဝန်အရေအတွက် လျော့ကျနေမှုနဲ့ သက်ကြီး ရွယ်အို အရေအတွက် ပိုများလာတဲ့အခြေအနေကိုဖြေရှင်းဖို့ အစိုးရက ဆေးကျောင်းဝင်ခွင့် ပိုမိုပေးသွားမယ့် အစီအစဉ်ကို ကန့်ကွက်ပြီး သပိတ်မှောက်နေကြတာပါ။ ဆရာဝန်တွေအလုပ်မဆင်းဘဲ…

ရေပြင်ပိုင်နက် တစ်လက်မမှ လက်လွှတ်ခံရမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတပြော

ကန်ဘာရာ ၊ မတ် ၁ တရုတ်နဲ့ ရေပြင်နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုမှာ ထောက်ခံမှုရရှိရေး ကြိုးပမ်းနေတဲ့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကိုစ့်က မိမိရဲ့ နိုင်ငံဟာ ဒေသဆိုင်ရာငြိမ်းချမ်းရေးတိုက်ပွဲမှာ ရှေ့တန်းနေရာ က ပါဝင်နေတယ်လို့ ဩစတြေးလျလွှတ်တော်မှာ ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ကမ်းရိုးတန်းအလွန် ရေပြင်မှာ တရုတ်စစ်သင်္ဘောတွေ ရောက်ရှိနေပြီး ဒေသဆိုင်ရာ ငြိမ်းချမ်းမှုဆုတ်ယုတ်စေကာ ဒေသဆိုင်ရာ တည်ငြိမ်မှု ပျက်ပြားစေတဲ့…

ကြားကာလ မွန်ပြည်ဖွဲ့စည်းပုံမူကြမ်း အတည်ပြု

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၉ နှစ်ရက်တာ ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒုတိယကြိမ် ညီလာခံမှာ တော်လှန်ရေးကာလ ကြားကာလ မွန်ပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (သုညမူကြမ်း)ကို အတည်ပြုနိုင်ခဲ့တယ်လို့ ညီလာခံအပြီး ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ အဲဒီမူကြမ်းကို မွန်ပြည်အတွင်း အခြေစိုက်တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ လူထုအခြေပြုအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး…

ကောလင်းကရွာတွေကို စစ်တပ်မီးရှို့တာမဟုတ်ဘူးလို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ စစ်ကိုင်းတိုင်း၊ကောလင်းမြို့မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ် မီးရှို့တဲ့သတင်းက အတု ဖြစ်တယ်လို့ တပ်လော်ဘီတွေ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီအကြောင်းကို မှိုင်းဝေ၊ Saw Ba Maung၊…

ဘုရားမဲဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရမိ

ထားဝယ်၊ ဖေဖော်ဝါရီ ၂၉ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၅ ဦး သေးဆုံးပြီး သေနတ် ၂ လက်နဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်း ဆည်းရမိခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။ ဘုရားမဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ ကာကင်းစခန်းနဲ့ ဘုးရားမဲစစ်ဆေးရေးဂိတ်တို့ကို မနေ့က ဖေဖော်ဝါရီ ၂၈ ရက် နေ့လည် ၁၂…

ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါချုပ်အပါအဝင်သုံးဦး ဗထူးတပ်ဖမ်းဆီး

ထားဝယ်၊ ဖေဖော်ဝါရီ ၂၉ တနင်္သာရီတိုင်း ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ်နဲ့ ပါမောက္ခ ဒေါ်နန္ဒာလွင်တို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဗထူးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ သူတို့ ၃ ဦးကို မနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဗထူးတပ်မတော်က ထား ဝယ်နည်းပညာတက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။ Non CDM…

ဖောက်ခွဲခံရတဲ့ မိုးကောင်းတံတား မြေဖို့ပြီး ဖြတ်သန်းသွားလာခွင့်ပြု

သထုံ၊ ဖေဖော်ဝါရီ ၂၉ မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာမှာ ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးသွားတဲ့ မိုး ကောင်းတံတားကိုမြေဖို့ပြီး ပြန်လည်ဖြတ်သန်းသွားခွင့်ပြုလိုက်ပြီလို့ ဒေသခံတွေနဲ့ ခရီးသွားတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ မိုးကောင်းတံတားဟာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီခန့်…

စလင်းမှာ စစ်ကောင်စီတိုက်လေယာဉ်တစ်စီးပျက်ကျ

စလင်း – ဖေဖော်ဝါရီ ၂၉ မကွေးတိုင်း၊စလင်းမြို့နယ်မှာ စစ်ကောင်စီတိုက်လေယာဉ်တစ်စီးပျက်ကျခဲ့တယ်လို့ ဒေသခံတွေ က သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေလည် ၁ နာရီဝန်းကျင်မှာ ပျက်ကျခဲ့တာဖြစ်ပြီး တိုက်လေယာဉ် အဖြူလိုသာ လက်တလောသိထားပြီး အမျိုးအစားကိုတော့ မသိရသေးပါဘူး။ အဲဒီတိုက်လေယာဉ်ဟာ ကြူဝန်းရွာ တာဝါတိုင်နားမှာ မီးခိုတွေအူထွက်ပြီး ပျက်ကျခဲ့တာဖြစ် တယ်လို့ ဒေသခံတစ်ဦးက…

စစ်အာဏာသိမ်း (၁၁၂၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၀၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၉ AAPP ရဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၂၃) ရက်အတွင်း ပြည်သူ (၄၆၀၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မိုးကောင်းတံတား ဖောက်ခွဲခံရလို့ မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်၊ ပဲအဝယ်ရပ်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၉ မွန်ပြည်နယ် သထုံမြို့နယ်ရှိ မိုးကောင်းတံတား ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် မြို့နယ်အများစုမှာ စိုးရိမ်ပူပန်မှုတွေနဲ့အတူ စက်သုံးဆီအလုအယက် ဝယ်ယူမှုတွေကြောင့် ဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ မိုးကောင်းတံတားဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တာပါ။ တံတားပြိုကျပျက်စီးမှုကြောင့်…