ဘုရားမဲဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရမိ

0
44

ထားဝယ်၊ ဖေဖော်ဝါရီ ၂၉

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၅ ဦး သေးဆုံးပြီး သေနတ် ၂ လက်နဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်း ဆည်းရမိခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။

ဘုရားမဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ ကာကင်းစခန်းနဲ့ ဘုးရားမဲစစ်ဆေးရေးဂိတ်တို့ကို မနေ့က ဖေဖော်ဝါရီ ၂၈ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ဗထူးတပ်မတော်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။

အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး MA-3 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ ကျည်ဆံအတောင့် ၂၀၀ ကျော်နဲ့ အခြား ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မောင်မယ်ရှောင်ကျေးရွာက နေအိမ် ၁ လုံး ပျက်စီးပြီး အမျိုးသမီး ကလေးငယ် ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မောင်မယ်ရှောင်ကျေးရွာ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဗထူးတပ်မတော်အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း ဘုရားမဲစစ်ဆေးရေးဂိတ်ကို ထားဝယ်ပြောက်ကျားတော် လှန်ရေးတပ်ဖွဲ့က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား၂ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဗထူးတပ်မတော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.