လန်ဒန်၊ သြဂုတ်
နှစ်ပေါင်း ၃၀ နီးပါးအတွင်း အထူးခြားဆုံး နေကြတ်မှုကို ဗြိတိန်နဲ့ ဥရောပက မြင်တွေ့ခဲ့ရပြီး မျိုးဆက် တစ်ဆက်မှာ တစ်ကြိမ် ကြုံရတဲ့ ဖြစ်ရပ်ကို လူသန်းပေါင်းများစွာ မျက်မြင်တွေ့ခဲ့ရပါတယ်။
နက္ခတ္တဗေဒဆိုင်ရာ အဲဒီ ထူခြားဖြစ်ရပ်ကို ဗြိတိန်နိုင်ငံက ကြည့်ရှုသူတွေအတွက်က တစ်စိတ်တစ်ပိုင်း နေကြတ်တာကို မြင်တွေ့ရပြီး ဗြိတိန် စံတော်ချိန် ညနေ ၇ နာရီထိုးပြီးနောက် မကြာခင်မှာ နေကို လက ၉၀ ရာခိုင်နှုန်းကျော်အထိ ဖုံးလွှမ်းသွားခဲ့တာကို အများစု မြင်တွေ့ခဲ့ရ ါတယ်။
ဒါပေမဲ့ ဂရင်းလန်း၊ အိုက်စ်လန်နဲ့ စပိန်နိုင်ငံတို့ရဲ့ ဒေသတွေမှာ လုံးဝ အမှောင်ဖုံးသွားခဲ့ပြီး နေအပြည့်ကြတ်တာကို မြင်တွေ့ခဲ့ရပါတယ်။
ဗြိတိန်နဲ့ ဥရောပတဝှမ်း ကြည့်ရှုရာ နေရာတွေမှာ လူအုပ်ကြီးဟာ အံ့သြမင်သက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
နက္ခတ္တဗေဒနဲ့ ပတ်သက်လို့ စိတ်အားထက်သန်သူတွေက ဒါဟာ စကြဝဠာရဲ့ အံ့သြစရာကောင်းပုံကို ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
နေအပြည့်ကြတ်မှုရဲ့ လမ်းကြောင်းဟာ လူအုပ်ကြီးတွေနဲ့ တယ်လီစကုပ်တွေနဲ့ အဝေးနေရာ ဖြစ်တဲ့ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ မြောက်ဖက်စွန်းက စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာခင်မှာပဲ အာတိတ်သမုဒ္ဓရာ တဝှမ်း ကွေ့ကောက်လာပြီး ညနေခင်း စောစောပိုင်းမှာ အိုက်စ်လန်သို့ ရောက်ရှိလာခဲ့ပါတယ်။
အဲဒီနောက် တောင်ဖက်ကို ရောက်လာပြီး ဗြိတိန်နိုင်ငံရဲ့ ဒေသတွေကို နေကြတ်မှုရဲ့ ဆန်းကြယ်ပုံကို ဖော်ပြခဲ့ပါတယ်။
တစ်စိတ်တစ်ပိုင်း နေကြထတ်မှုဟာ စကော့တလန် မြောက်ပိုင်းမှာ ဗြိတိန် စံတော်ချိန် ညနေ ၆ နာရီက စတင်ခဲ့ပြီး အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းမှာ ညနေ ၆ နာရီ ၂၀ မိနစ်က စတင်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အရင်ဦးဆုံးမှာ မြင်ဖို့ခက်ခဲခဲ့ပေမယ့် ကောင်းကင်ပြင် ရှင်းလင်း ကြည်လင်နေတဲ့ နေရာတွေက လူတွေ အဖို့ နေဆီကနေ ဝေးရာကို လ ရွေ့လျားသွားတာကို သတိပြုမိခဲ့ကြပါတယ်။
အင်္ဂလန် အလယ်ပိုင်းနဲ့ တောင်ပိုင်း ဝေးလ်စ်ဒေသ အများစုမှာ ကောင်းကင်ကြည်လင်နေတာကြောင့် တစ်နာရီလောက် ကြာတဲ့အထိ နေကို ဖြတ်ပြီး လရွေ့လျားနေတာ မြင်တွေ့ခဲ့ရပါတယ်။
အင်္ဂလန်မြောက်ပိုင်းနဲ့ စကော့တလန်၊ မြောက်အိုင်ယာလန်တို့မှာ တိမ်ထူနေပေမယ့် နိုင်ငံတဝှမ်း အဲဒီ နာမည်ကျော် နေကြတ်မှုကို လူအုပ်ကြီးတွေ စောင့်ကြည့်ခဲ့ကြ ပါတယ်။
တချို့က နေကြတ်တာကို ကြည့်ရာမှာ သုံးတဲ့ မျက်မှန်တွေ အချိန်မီ ဝယ်ယူနိုင်ခဲ့ကြပေမယ့် မျက်စိ ကာကွယ် ပေးတဲ့ မျက်မှန်တွေ တချို့ဒေသတွေမှာ ပြတ်လပ် သွားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံကတော့ နေ၊ လနဲ့ ကမ္ဘာတို့ လုံးဝ တစ်တတန်းတည်း မကျခဲ့ဘူးလို့ သိရပါတယ်။
လက နေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ဖုံးကွယ်ထားခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်း နေကြတ်မှုသည ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။
တချို့ဒေသတွေမှာ လက နေကို ၉၅ ရာခိုင်နှုန်းအထိ ဖုံးကွယ်ထားတာ မြင်တွေ့ခဲ့ရ ပါတယ်။
စပိန်နိုင်ငံရဲ့ ဒေသအချို့မှာတော့ နေ၊လနဲ့ ကမ္ဘာ တစ်တန်းတည်းကျသွားခဲ့တာကြောင့် နေအပြည့်ကြပ်မှုနဲ့ ကြုံခဲ့ရပြီး လုံးဝ အမှောင်ကျသွားခဲ့ပါတယ်။
Ref:BBC

