တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေဖို့ နိုင်ငံရေးလှည့်ကွက်တွေကို စစ်အုပ်စု အသုံးပြုလာတယ်လို့ NUG သတိပေး
နေပြည်တော် ၊ ဩဂုတ် ၁၃ စစ်ရေး၊ နိုင်ငံရေး အရပ်ရပ်မှာ ရှုံးနိမ့်အသက်ငင်နေပြီဖြစ်တဲ့ စစ်အုပ်စုက သူတို့ရဲ့ အာဏာသက်တမ်းကို ဆွဲဆန့်နိုင်ရေး တော်လှန်ရေးအင်အားစုတွေအကြား သွေးကွဲစေဖို့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ ပရိယာယ်မျိုးစုံ အသုံးပြုလာတာကို တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးပါတယ်။ ဒါ့အပြင် စစ်အုပ်စုက အပြစ်မဲ့ပြည်သူလူထုအပေါ် မှာလည်း လူမဆန်စွာ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဩဂုတ်…
