March 2024

အပစ်ရပ်ဆွေးနွေးပွဲ စားပွဲဝိုင်းကို အစ္စရေးပြန်လာမယ်လို့ နေတန်ယာဟုပြော

ဂျေရုစလင်၊ မတ် ၃၁ ဟားမာ့စ်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို အစ္စရေးပြန်လာမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘင်ဂမင် နေတန်ယာဟုက ပြောခဲ့ပါတယ်။ အစ္စရေး ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး ဂါဇာမှာ ဟားမာစ့်အဖွဲ့ကို အစ္စရေးဘက်က တိုက်ခိုက်နေတာတွေ ရပ်တန့်ရေး သဘောတူညီမှုရယူဖို့ ထပ်ပြီး ကြိုးပမ်းတဲ့အနေနဲ့ သူက မတ် ၂၉ ရက်နေ့မှာ ကြေညာခဲ့တာပါ။ စစ်ပွဲ ၆…

အမေရိကန်ရဲ့အကူအညီမရရင် တပ်တွေ နောက်ဆုတ်ရတော့မယ်လို့ ယူကရိန်းသမ္မတ သတိပေး

ကိဗ်၊ မတ် ၃၁ လွှတ်တော်အတွင်းအငြင်းပွားမှုတွေကြောင့် ရောက်မလာနိုင်ဖြစ်နေတဲ့ အမေရိကန်ဆီက စစ်ရေး အကူအညီတွေ မရတော့ဘူးဆိုပါက မိမိတို့တပ်တွေ နည်းနည်းချင်းစီနောက်ဆုတ် ရလိမ့်မယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောခဲ့ပါတယ်။ အမေရိကန်ဆီက အကူအညီမပေးဘူးဆိုပါက လေကြောင်းကာကွယ်ရေး၊ Patriot ဒုံးကျည်တွေ၊ အီလက်ထရွန်းနစ်လိုင်းတားဆီးကာကွယ်ရေး ကိရိယာတွေ၊ ၁၅၅ မမ လက်နက်ကြီးကျည်တွေ ရှိမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်နဲ့ ပြုလုပ်တဲ့အင်တာဗျူးမှာ…

ဓမ္မသရွာဖြစ်စဉ်ဟာ မွန်လူထုအပေါ် စစ်ကောင်စီ အကြမ်းဖက်မှုကျူးလွန်တာလို့ မွန်ပြည်သစ် AD ပြော

ကျိုက်မရော၊ မတ် ၃၁ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက် ခိုက်မှုဟာ မွန်လူထုတစ်ရပ်လုံးအပေါ် စစ်ကောင်စီ အကြမ်းဖက်မှုကျူးလွန်တာလို့ မွန်ပြည်သစ် AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။ ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဓမ္မသကျေးရွာကို ကြည်း၊ရေ၊လေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နေအိမ်…

ဝန်ထမ်းတွေ လာဘ်မစားဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော မြေပြင်မှာ အဂတိလိုက်စားမှု အကြီးအကျယ်ဖြစ်ပေါ်နေ

မော်လမြိုင် ၊ မတ် ၃၁ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ အဂတိလိုက်စားမှုတွေ မလုပ်ဆောင်ကြဖို့ စစ်ကောင်စီခန့် မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုခဲ့ပေမယ့် မြေပြင်မှာ အဂတိလိုက်စားမှု အကြီးအ ကျယ် ဖြစ်ပေါ်နေတယ်လို့ ဒေသခံပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး မတ် ၂၉ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ…

ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်၊ နေအိမ်အများအပြား ထပ်မံမီးလောင်ပျက်စီး

ကော့ကရိတ်၊ မတ် ၃၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ မတ် ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားရာနေကနေ ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက် အထက်ရွာဘက်မှာ နေအိမ်တွေမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ်စုစုပေါင်း…

ဓမ္မသကျေးရွာကို တော်လှန်ရေးတပ်တွေ မီးရှို့နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တဲ့အတွက် မီးလောင်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကို တော်လှန်ရေးတပ်တွေက မီးရှို့လို့ဖြစ်တာ လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

အဓမ္မစစ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး NUG က တိုင်ကြား၊စုံစမ်း၊အကြံဉာဏ်ရယူနိုင်တဲ့ ပြည်သူ့ရေးရေးရာဝန်ဆောင်မှုစတင်

မော်လမြိုင် – မတ် ၃၀ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြား၊စုံစမ်း၊အကြံဉာဏ်ရယူနိုင်တဲ့ ပြည်သူ့ရေးရာ ဝန်တောင်မှုစတင်လိုက်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ အဓမ္မစစ်သားစုဆောင်းမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် နေ့စဉ် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီလုပ်ဆောင်နေတဲ့ အဓမ္မစစ်သားစုဆောင်းမှုရဲ့ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြ ရတဲ့ ပြည်သူတွေအနေနဲ့…

ရေဖြူမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

ရေဖြူ၊ မတ် ၃၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ရာဖူး၊ လော့သိုင်းနဲ့ကျွဲတလင်းကျေးရွာတွေကို မနေ့ မတ် ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီနေ့ မွန်ပြည်နယ်နဲ့တနင်္သာရီနယ်စပ်မှာရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာ၊ ရေး-ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့စစ်ဆေးစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ…

မော်လမြိုင်မှာ ထောက်ပို့စွပ်စွဲချက်နဲ့ ဒေသခံနှစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

မော်လမြိုင်၊ မတ် ၃၀ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံနှစ်ဦး ဖမ်းဆီးအမှုဖွင့်ခံထားရတယ်လို့ စစ်ကောင် စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က မော်လမြိုင်မြို့နယ် ခရွန်းရှမ်းကျေးရွာနေ ကိုနေဝင်းထွန်းအား PDF တွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်မှာ…

သထုံမှာ အုတ်ဖိုလုပ်ငန်းရှင်တစ်ဦး အသတ်ခံရ

သထုံ၊ မတ် ၃၀ မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာ သက္ကဘုရားသွားလမ်းဘေးမှာ ဒီနေ့ မတ် ၃၀ ရက်နေ့ မနက်အစောပိုင်းက အသတ်ခံထားရတဲ့ အုတ်ဖိုလုပ်ငန်းရှင်တစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သုဝဏ္ဏဝတီမြို့သိမ်ဆိပ်ရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ် အုတ်ဖိုလုပ်ငန်းရှင် ကိုရဲဝင်းထွန်းဟာ မနေ့ မတ် ၂၉ ရက်နေ့ ညနေ…