ဓမ္မသကျေးရွာကို တော်လှန်ရေးတပ်တွေ မီးရှို့နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်နေ

0
30

မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တဲ့အတွက် မီးလောင်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကို တော်လှန်ရေးတပ်တွေက မီးရှို့လို့ဖြစ်တာ လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို Saw Ba Maung ၊ Kyaw Swar ၊ Truth Media ၊ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်အုပ်စု ဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ် လိုဂိုအသုံပြုထားတဲ့ အကောင့်တုတွေမှာ မတ်လ ၂၈ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာ ကျိုက်မရောမြို့နယ် ဓမ္မသ ရွာထဲကို စစ်ကောင်စီရေတပ်က မတ်လ ၂၈ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးမှု တွေရှိခဲ့သလို အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ဒေသတွင်းတော်လှန်ရေးအဖွဲ့ အစည်း၊လူမှုရေးအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက မွန်ပြည်နယ်ကျိုက်မရော မြို့နယ် ဓမ္မသကျေးရွာအတွင်းကို လေကြောင်း၊ရေ ကြောင်းနဲ့ ကုန်းကြောင်းတွေကနေ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့တာ ကြောင့် အရပ်သား ၆၀၀၀ ကျော် ဒုက္ခရောက်နေပြီး အများစုမှာ မွန်လူမျိုးတွေဖြစ်တယ်လို့ မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ DVB မှာတော့ ဂျိုင်းမြစ်အတွင်းက စစ်သင်္ဘောကနေပြီး မတ်လ ၂၈ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းတို့မှာ ဓမ္မသ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းရေးသားဖော်ပြထားပါတယ်။ 

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid0376xAMDMyUYeQDsYuNXbHqrRbkPUWPhcEaJFvD4xjKeXphx2bdVmHmVuxcCDVqgTwl&id=100089259296954&mibextid=Nif5oz&_rdc=1&_rdr

 DVB သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02SfePivKQptYQhMQqPNhEA4ACn8VUhC24YxXLK49mpxAN6uxhCQECDfXmZ9mfemjcl&id=100064451569209&mibextid=Nif5oz&_rdc=1&_rdr

Mon Liberation Army ထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid0hQYTndHMY36e9Q75ieEn7Dd7J8d4ZEyoMhnZdNeTzH1tXxCs3HYuM6KLNhR5pLKvl&id=100087784783855&mibextid=Nif5oz&_rdc=1&_rdr

 ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.