February 2026

စစ်အာဏာသိမ်း (၁၈၄၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၉၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၁၆ AAPP ရဲ့ ဖေဖော်ဝါရီ၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၄၂) ရက်အတွင်း ပြည်သူ (၇၇၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၄၆၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၆၉၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

အာဆီယံအဖွဲ့ဝင်တီမောကို စစ်ကော်မရှင်အမျက်ရှ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၇ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အပါအဝင် စစ်အရာရှိ ၁၀ ဦးကို အရေးယူနိုင်ရေး တရားစွဲဆိုဖို့ တီမောနိုင်ငံက အမှုဖွင့်လက်ခံခဲ့မှုကြောင့် စစ်ကော်မရှင်က အမျက်ရှနေပါတယ်။ ရန်ကုန်မြို့ရှိ တီမောသံရုံးယာယီတာဝန်ခံကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မတိုင်ခင် မြန်မာနိုင်ငံကနေ အပြီးအပိုင်ထွက်ခွာဖို့ ဖေဖော်ဝါရီ ၁၃…

ကရင်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှု အရှိန်မြင့်

ဘားအံ၊ ဖေဖော်ဝါရီ ၁၇ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ်တွေမှာ နယ်စပ်လမ်းကြောင်းအသီးသီးကနေဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေအပေါ် စစ်ကော်မရှင်တပ်က လိုက်လံဖမ်းဆီးသိမ်းဆည်းတာတွေ အရှိန်မြင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီမြို့နယ် နယ်စပ်လမ်းကြောင်းတွေကနေ ယာဉ်တွေနဲ့ အသီးသီးပြန်လည်ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်တွေကို စစ်ကော်မရှင်တပ်နဲ့ သူ့ရဲ့ လက်အောက်ခံအဖွဲ့တွေက လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ်ထဲမှာရှိတဲ့ လမ်းပိုင်းတွေမှာ လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ငွေကြေးတောင်းယူတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက…

တနင်္သာရီမြို့နယ် လယ်သစ်ရွာက နေအိမ် ၁၀၀ ကျော် မီးရှို့ခံရ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေ အိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က လယ်သစ်ရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ နေအိမ်တွေ…

စစ်ဝါဒ ပြန်အသက်သွင်းနေတယ်ဆိုတဲ့ တရုတ်ရဲ့ ပြောဆိုမှု ဂျပန် ရှုတ်ချ

တိုကျို၊ ဖေဖော်ဝါရီ ၁၆ ဂျပန်ရှိ လက်ယာစွန်း အင်အားစုတွေက စစ်ဝါဒပြန်လည် အသက်သွင်းရေး ကြိုးပမ်းနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပြီးနောက် တရုတ်ကို သံတမန်ရေး လမ်းကြောင်းကတဆင့် ပြင်းပြင်းထန်ထန် ကန့်ကွက် သတိပေးထားကြောင်း တိုကျို အစိုးရက ပြောလိုက်ပါတယ်။ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ မြူးနစ် လုံခြုံရေး ညီလာခံအတွင်း ဝန်ကြီး ဝမ်ယိက တိုကျိုနဲ့…

ကမ္ဘောဒီးယားရှိ ကျားဖြန့်လုပ်ငန်းက နိုင်ငံသား ၃၆၀၀ ကို အင်ဒိုနီးရှား ပြန်လည် ခေါ်ယူမယ်

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၆ ကမ္ဘောဒီးယားရှိ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ စီးနင်းခံရပြီးနောက် မိမိတို့ နိုင်ငံသား ၃၆၀၀ ကို အစိုးရက ပြန်လည်ခေါ်ယူသွားမှာ ဖြစ်ကြောင်း ဖနွမ်းပင်မြို့ရှိ အင်ဒိုနီးရှားသံရုံးက ပြောပါတယ်။ နိုင်ငံသားတွေ ပြန်လည် ခေါ်ယူမှုကို အဆင့်လိုက် ပြုလုပ်သွားမှာ ဖြစ်ပြီး မတ် ၄ ရက်အထိ ကြာမြင့်မှာ ဖြစ်ကြောင်း ကမ္ဘောဒီးယားအခြေစိုက်…

ထားဝယ်မြို့ပေါ်မှာ လူငယ်တွေ ဆက်တိုက်ပေါ်တာဆွဲခံနေရ

ထားဝယ်၊ ဖေဖော်ဝါရီ ၁၆ တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းအတွက် လူငယ်တွေ ဆက်တိုက်ပေါ်တာဆွဲခံနေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစလို့ ထားဝယ်မြို့ပေါ် ရပ်ကွက်တွေမှာ ဧည့်စာရင်း အကြောင်းပြချက်နဲ့ လူငယ်တွေကို နေအိမ်တွေအထိ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ…

ဘုတ်ပြင်းတိုက်ပွဲမှာ PDF ရဲဘော် တစ်ဦး ကျဆုံး

ဘုတ်ပြင်း၊ ဖေဖော်ဝါရီ ၁၆ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူအခြေစိုက် စစ်တပ်စခန်းအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရှိ ရွာဟေ့လူကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်တွေက ဂါဇာအတွက် ဒေါ်လာ ၅ ဘီလီယံကျော် ကတိပြုထားတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ဂါဇာမှာ ပြန်လည် တည်ဆောက်ရေးနဲ့ လူသားချင်းစာနာထောက်ထားရေး ကြိုးပမ်းမှုတွေ အတွက် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ အဖွဲ့ဝင်တွေက ဒေါ်လာ ၅ ဘီလီယံ ပေးမယ်ဆိုတဲ့ ကတိကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ ကြေညာမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၆…

တီမော သံအဖွဲ့ကို စစ်ကော်မရှင် နှင်ထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ တီမော လက်စတေနိုင်ငံက မြန်မာ စစ်တပ်ကို စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ ပတ်သက်လို့ အမှု ဖွင့်လိုက်ပြီးနောက် မြန်မာအခြေစိုက် ဒီလီ အစိုးရ ထိပ်တန်း သံအမတ်ကို နှင်ထုတ်လိုက်ကြောင်း စစ်ကော်မရှင်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ကြေညာပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုတွေကို…