February 2026

ပုလောမှာ စစ်တပ်မီးထပ်ရှို့လို့ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

ပုလော၊ ဖေဖော်ဝါရီ ၃ တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ရှပ်ပုံကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ကျေးရွာအလယ်ပိုင်းမှာရှိတဲ့ နေအိမ်တွေကို…

သရက် ကပစ စက်ရုံကို ဒေသကာကွယ်ရေးအဖွဲ့ ရော့ကတ်တွေနဲ့ တိုက်ခိုက်

မကွေး ဖေဖော်ဝါရီ ၂ မကွေးတိုင်း သရက်ခရိုင် သရက်မြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံကို ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က သရက်မြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၂ ကို 75MM Rocket ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။…

မြန်မာကျားဖြန့်ဂိုဏ်း ပယ် မိသားစုဝင် လေးဦးကို တရုတ် ထပ်မံကွပ်မျက်

ဘေဂျင်း၊ ဖေဖော်ဝါရီ ၂ မြန်မာနိုင်ငံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မာဖီးယား မိသားစုတွေထဲက တစ်စု ဖြစ်တဲ့ ပယ် မိသားစုဝင် ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း တရုတ် နိုင်ငံပိုင်မီဒီယာက ဖော်ပြထား ပါတယ်။ သူတို့ဟာ ဂွမ်ဒေါင်းပြည်နယ်ရှိ တရုတ် တရားရုံး တစ်ရုံးက လိမ်လည်မှု၊ လူသတ်မှု၊ ထိခိုက်ဒဏ်ရာရစေမှု၊ တခြား ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့…

ကုန်စည်တန်ဖိုး လျော့ကျမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်

စင်ကာပူ၊ ဖေဖော်ဝါရီ ၂ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ကယ်ဗင်ဝါ့ချ်ကို ရွေးချယ်ထားချိန် တန်ဖိုးရှိ သတ္တုတန်ဖိုး လျော့ကျသွားပြီး ဖေဖော်ဝါရီ ၂ ရက်က ရွှေ၊ ငွေ၊ ရေနံနဲ့ စက်မှုလုပ်ငန်းသုံး သတ္တု တန်ဖိုးတွေနဲ့အတူ ကုန်စည်ဈေးကွက် တန်ဖိုး လျော့ကျသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရွှေနဲ့ငွေတန်ဖိုး စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ရွှေတန်ဖိုးဟာ သီတင်းနှစ်ပတ်အတွင်း…

ဘီးလင်းမှာ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကော့ကမယ်ကျေးရွာ အရက်ဆိုင်မှာ နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ကော့ကမယ်ကျေးရွာ တောင်စွန်း-ဘီးလင်းကားလမ်းရှိ ဒေါ်စီလေးပိုင် အရက်ဆိုင်မှာ တောင်စွန်းနယ်မြေရဲစခန်းက နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။ သေနတ်နဲ့…

၂ ရက်ကြာ တိုက်ပွဲအတွင်း ပါကစ္စတန်တပ်ဖွဲ့တွေက စစ်သွေးကြွ ၁၄၅ ဦးကို သတ်ဖြတ်

ကူအက်တာ၊ ဖေဖော်ဝါရီ ၂ ဘာလူချီစတန်ပြည်နယ်မှာ ဗုံးခွဲတိုက်ခိုက်မှုများ လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးခဲ့ပြီးနောက် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက နာရီ ၄၀ ကြာ တိုက်ပွဲအတွင်း စစ်သွေးကြွ ၁၄၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁ ရက်က ပြောလိုက်ပါတယ်။ အီရန်၊ အာဖဂန်နစ္စတန်တို့နဲ့ ထိစပ်နေတဲ့ ဘာလူချီစတန်ပြည်နယ်မှာ…

စစ်အုပ်စုက မွန်လူငယ်တွေကို လူသတ်စစ်မြေပြင်သို့ ပို့ဆောင်နေတယ်လို့ MSFC ပြော

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ လူသတ်စစ်မြေပြင်သို့ နေ့စဉ်ပို့ဆောင်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် သဘောထား ကြေညာချက် ထုတ်ပြန်စဉ် ထည့်သွင်းပြောဆိုထားပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC…

ဂျပန်ဝန်ကြီးချုပ် တာကာအိချီရဲ့ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရနိုင်

တိုကျို၊ ဖေဖော်ဝါရီ ၂ လာမယ့် သီတင်းပတ် ကျင်းပမယ့် အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရနိုင်ကြောင်း Asahi သတင်းစာက ဖေဖော်ဝါရီ ၁ ရက် ဖော်ပြတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲမှာ ထောက်ခံမှု အားကောင်းလာမယ်ဆိုရင် တာကာအိချီရဲ့ ပါတီအပေါ် ထိန်းချုပ်မှု အားပိုကောင်းလာမှာ ဖြစ်ပြီး…