စင်ကာပူ၊ ဖေဖော်ဝါရီ ၂
အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ကယ်ဗင်ဝါ့ချ်ကို ရွေးချယ်ထားချိန် တန်ဖိုးရှိ သတ္တုတန်ဖိုး လျော့ကျသွားပြီး ဖေဖော်ဝါရီ ၂ ရက်က ရွှေ၊ ငွေ၊ ရေနံနဲ့ စက်မှုလုပ်ငန်းသုံး သတ္တု တန်ဖိုးတွေနဲ့အတူ ကုန်စည်ဈေးကွက် တန်ဖိုး လျော့ကျသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရွှေနဲ့ငွေတန်ဖိုး စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ရွှေတန်ဖိုးဟာ သီတင်းနှစ်ပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ် ၉ ရာခိုင်နှုန်း ငွေတန်ဖိုး ၁၃ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့ပါတယ်။

ရေနံဈေးလည်း ၅ ဒသမ ၅ ခိုင်နှုန်း လျော့ကျသွားသလို ကြေးနီဈေးလည်း ၅ ရာခိုင်နှုန်း နီးပါး လျော့ကျသွားခဲ့ပါတယ်။
အမေရိကန် ဒေါ်လာဈေး အားပိုကောင်းလာတာကြောင့်လည်း တန်ဖိုးရှိတဲ့ သတ္တုဈေးတွေ အပေါ် ရိုက်ခတ်မှု ရှိခဲ့ပြီး ရေနံနဲ့အခြေခံ သတ္တုဈေးနှုန်းတွေ အပါအဝင် တခြား ကုန်စည်ဈေးနှုန်းတွေအပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။
ဒါပေမဲ့ သြစတြေးလျ ဓနသဟာယ ဘဏ်ရဲ့ ကုန်စည်များဆိုင်ရာ ဗျူဟာမှူး ဗီဗက် ဒါးက စတုတ္ထ သုံးလပတ်ကာလအတွင်း ရွှေဈေး ဒေါ်လာ ၆၀၀၀ အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဂျရိုမီ ပါဝဲလ်ရဲ့ နေရာမှာ အစားထိုးရေး ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း ဝါ့ချ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ရွေးချယ်ခဲ့ပြီးနောက် စတော့ရှယ်ယာတွေ ထုတ်ရောင်းမှုတွေ ကုန်စည်ဈေးကွက်တွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်ပြီး အမေရိကန် ဒေါ်လာဈေး မြင့်တက်သွားခဲ့ပါတယ်။
အာရှ စတော့ရှယ်ယာ ဈေးတွေလည်း လျော့ကျခဲ့ပြီး တန်ဖိုးရှိ သတ္တုရောင်းချမှုတွေ ဝရုန်းသုန်းကား ဖြစ်လာခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာပြီးနောက် အီရန်က ဝါရှင်တန်နဲ့ အလေးအနက် ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းထွက်လာချိန်မှာ အိုပက်ဇ် အဖွဲ့ဝင် နိုင်ငံတွေနဲ့ စစ်ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပြန်လျော့ကျသွားခဲ့ပါတယ်။
ဒီလိုနဲ့ ရေနံဈေးတွေ လျော့ကျသွားသလို ရွှေနဲ့ ငွေ အပါအဝင် တန်ဖိုးရှိ သတ္တုတွေရဲ့ ဈေးနှုန်းတွေလည်း လျော့ကျသွားခဲ့ပါတယ်။
Ref:Reuters

