သုံးနှစ်ကြာ လူမျိုးတုန်း သတ်ဖြတ်ခံရပြီးနောက် ဂါဇာ ကမ်းမြောင်ဒေသ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားခဲ့

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၇ ၂၀၂၃ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးတပ်တွေ ကျူးလွန်ခဲ့တဲ့ သုံးနှစ်ကြာ လူမျိုးတုန်း သတ်ဖြတ်မှု၊ ကျူးကျော် တိုက်ခိုက်မှု၊ လူမျိုးတုန်း ရှင်းလင်းမှုတွေ ရှိခဲ့ပြီးနောက် လူပေါင်း ၂ ဒသမ ၄ သန်းကျော် နေထိုင်ရာ ဂါဇာ ကမ်းမြောင် ဒေသရှိ အဆောက်အဦတွေနဲ့ အခြေခံ အဆောက်အဦ ၉၀…

လွှတ်တော်က အတည်ပြုထားတဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကို ထရန့် ဆိုင်းငံ့

ဝါရှင်တန်၊ အောက်တိုဘာ ၁၇ ရုရှားရဲ့ စီးပွားရေးကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အစီအစဉ် အသစ်တွေကို သမ္မတ ဒေါ်နယ် ထရန့်က ရပ်ဆိုင်းထားလိုက်ပြီး လွှတ်တော် နှစ်ရပ် စလုံး အတည်ပြုထားတဲ့ ဥပဒေပြုချက်ကို လွှတ်တော်က ဆိုင်းငံ့ထားလိုက်တာဟာ နိုင်ငံတော် အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်တဲ့ အထူးအမိန့် ကြေညာချက်မှာ…

ကျိုက်ထိုမှာ သေနတ်ပြ လုယက်ခံရလို့ ရွှေသုံးကျပ်သား ပါသွား

ကျိုက်ထို၊ အောက်တိုဘာ ၁၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာနဲ့ဘိုရားကြီးကျေးရွာ လမ်းပိုင်းမှာ အမျိုးသမီး နှစ်ဦး သေနတ်ပြ လုယက်ခံရတာကြောင့် ရွှေ သုံးကျပ်သား ပါသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ မလော့ချောင်ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး နှစ်ဦးဟာ…

AI စနစ်သုံး တော်ပီဒို စနစ် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ပြော

ဆိုးလ်၊ အောက်တိုဘာ ၁၇ ပစ်မှတ် စူးစမ်းရှာဖွေရေးနဲ့ ပဲ့ထိန်းရေးအတွက် ဉာဏ်ရည်တု နည်းပညာ AI သုံးထားပြီး အတိအကျ ပဲ့ထိန်းနိုင်တဲ့ တော်ပီဒို စနစ် အသစ်တစ်မျိုးကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၁၇ ရက်မှာ ဖော်ပြပါတယ်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားက လက်နက် စမ်းသပ်မှုတွေ အရှိန်မြှင့်…

အမေရိကန် ပိတ်ဆို့ထားပေမယ့် အီရန်က မြန်မာသို့ LPG ဓာတ်ငွေ့အရည်နဲ့ လေယာဉ်ဆီ တင်ပို့

ဝါရှင်တန်၊ အောက်တိုဘာ ၁၇ အမေရိကန်က ရေတပ်နဲ့ ပိတ်ဆို့ထားပေမယ့် အီရန်က ဇူလိုင်လနောက်ပိုင်း LPG ဓာတ်ငွေ့ အရည်နဲ့ လေယာဉ်ဆီ တချို့ ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သင်္ဘောလမ်းကြောင်း ထောက်လှမ်းရေးနဲ့ လုံခြုံရေးမှာ ပါဝင်သူတွေက ပြောပါတယ်။ အိုမန် ကမ်းလွန်မှာ တခြား ပင်လယ်ကွေ့ လောင်စာ ထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ သင်္ဘော အချင်းချင်း လွှဲပြောင်း…

မွန်မှာ အပူရှောင်စခန်းတွေ ဖွင့်ထားပေမယ့် လာရောက်အပူရှောင်သူ မရှိ

မော်လမြိုင်၊ အောက်တိုဘာ ၁၇ မွန်ပြည်နယ်မှာ စစ်တပ် အသွင်ပြောင်း အစိုးရအဖွဲ့က အယ်လ်နီညိုဘေးဒဏ် ရင်ဆိုင်ဖို့ အပူရှောင်စခန်းတွေ တိုးချဲ့ဖွင့်လှစ်ထားပေမယ့် လာရောက်အပူရှောင်သူ မရှိဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အစိုးရဟာ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကို ရင်ဆိုင်ဖို့ မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ထားဖို့နဲ့ အရေးပေါ် ကုသနိုင်အောင် စီမံထားဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့် စစ်အစိုးရက…

စစ်အာဏာသိမ်း (၂၀၈၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၅၇)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၇ AAPP ရဲ့ အောက်တိုဘာ ၁၆ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၈၄) ရက်အတွင်း ပြည်သူ (၈၅၅၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၉၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၇၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေးဈေးဗန်း အရပ်သားပစ်မှတ်နဲ့ လဲလှယ်နေ

နေပြည်တော် ၊ အောက်တိုဘာ ၁၇ သမ္မတဖြစ်လိုတဲ့ တပ်မက်မှုနဲ့ နိုင်ငံရဲ့ အလုံးစုံအာဏာကို သိမ်းယူပြီး အရပ်သားအသွင်ပြောင်းထားတဲ့ အာဏာရှင် ဦးမင်းအောင်လှိုင်က နိုင်ငံတော်ကို စိတ်ရင်းအမှန်နဲ့ ငြိမ်းချမ်းမှု ရရှိစေလိုတယ်လို့ မျက်နှာပြောင်တိုက် ထုတ်ပြောလာပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၁၁ နှစ်မြောက် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့…

ကြာအင်းဆိပ်ကြီး တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်တပ် စစ်ကြောင်းပြန်ထိုးလာ

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၇ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ အင်အားပြန်လည်စုဖွဲ့ပြီး စစ်ကြောင်းပြန်ထိုးလာတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ရွာအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ်မှာ စစ်ကြောင်းတွေစုဖွဲ့ပြီး…

သထုံမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု ဆန့်ကျင်ကြောင်းလှုပ်ရှားတဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံရ

သထုံ ၊ အောက်တိုဘာ ၁၇ မွန်ပြည်နယ် သထုံမြို့ ရွှေစာရံဘုရားရှေ့မှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ လူငယ် နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က သထုံမြို့ ဘင်လှိုင်ရပ်ကွက်နေ အသက် ၂၀ ကျော်အရွယ် မောင်ထူးမောင်နဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ…