December 2023

ထိုင်းရောက် မြန်မာလုပ်သားတွေဆီက ဒေါ်လာတစ်သန်းကျော် အခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်း

မော်လမြိုင်၊ ဒီဇင်ဘာ ၃၁ ပြည်တွင်းမှာ ဆင်းရဲမွဲတေမှုတွေနဲ့အတူ အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အထားတွေ ထုတ်ပေးပြီး အဲဒီကအခွန်အဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းကျော် အခွန်ကောက်ခံဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတာပါ။ ထိုင်းအလုပ်ရှင်တွေဘက်က အမည်စာရင်းတင်သွင်းထားတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၉ သိန်းကို သက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးဖို့ စစ်ကောင်စီအလုပ်သမားဝန် ကြီးဌာနရဲ့ ဘန်ကောက်အခြေစိုက်မြန်မာသံရုံးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ…

ကျိုက်ထိုမှာ လင်မယားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခင်ပွန်းဖြစ်သူသေဆုံး

ကျိုက်ထို၊ ဒီဇင်ဘာ ၃၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ ကျွဲကောခြံအတွင်း လင်မယားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က အင်္ဂဘိုကျေးရွာနေ အသက် ၄၀ အရွယ် ဦးနိုင်ဝင်းနဲ့ ဒေါ်မိမိတို့ လင်မယားနှစ်ဦးဟာ ကျွဲကောခြံအတွင်း မျောတိုင်ခုတ်ဖို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခင်ပွန်းဖြစ်သူ…

လောင်းလုံးမှာ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ခေါင်းဖြတ်သတ်ဖြတ်

လောင်းလုံး၊ ဒီဇင်ဘာ ၃၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ပြဲကျေးရွာနေ အရပ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်သွားပြီး ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကစလို့ လောင်းလုံးမြို့ နယ်ထဲ ဝေဒီ၊ ကညုံကျွန်း၊ စစ်ပြဲ၊ လေးသွန်းခံ၊…

အာဏာဆက်မြဲဖို့ ခြေဥကိုအသုံးချပြီး စစ်ကောင်စီ ဘယ်ခြေလှမ်းဦးမလဲ

မော်လမြိုင်၊ ဒီဇင်ဘာ ၃၁ အရေးပေါ်သက်တမ်းကုန်ဆုံးဖို့ တစ်လသာကျန်ရှိတော့တဲ့အချိန်မှာ စစ်ရေးအရ အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီအနေနဲ့ သိမ်းယူထားတဲ့ အာဏာဆက်မြဲဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အ သုံးချပြီး ဘယ်ခြေလှမ်းဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ထပ်မံတိုးယူခဲ့တဲ့ အရေးပေါ်သက်တမ်း ၆ လဟာ ၂၀၂၄…

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ နိုင်ပညာမာန်နဲ့ ဆက်သွယ်မေးမြန်းချက်

“မွန်လူငယ်တွေအနေနဲ့ နိုင်ငံရေးနိုးကြားမှုအပြင် တော်လှန်ရဲဖို့လည်း လိုအပ်တယ်” အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် မွန်လူငယ်တွေကို အမျိုးသားရေးတာဝန်ထမ်းဆောင်ဖို့ မွန်လူ ငယ်ဆုံရပ်အပါအဝင် မွန်တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၂ ကြိမ် မြောက် မွန်လူငယ်နေ့မှာ ကြေညာချက်တွေထုတ်ပြန်ပြီး တိုက်တွန်းခဲ့ကြပါတယ်။ ဒါကြောင့် တော်လှန်ရေးမှာ မွန်လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ မွန်နိုင်ငံရေးအခင်းကျင်းမှာ ဘယ်အဖွဲ့အစည်းတွေ လမ်းညွှန်ဦးဆောင်ပေးသင့်လဲ။ မွန်လူမျိုးတွေရဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့…

ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးယာဉ်နဲ့အထက် ဖြတ်သန်းသွားလာမှု အရေးယူမယ်လို့ PC အမိန့်ထုတ်

ကော့ကရိတ်၊ ဒီဇင်ဘာ ၃၁ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးယာဉ်နဲ့အထက် ဖြတ်သန်းသွားလာမှု အရေးယူမယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ PC က အမိန့်ထုတ်ပြန်ပါတယ်။ ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးအထက်ယာဉ်တွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ကရင့်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွှတ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ တားမြစ်စာထုတ်ပြန်ခဲ့ပေမယ့် ကားသမားတွေဘက်က…

ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ လှေကို အင်ဒိုနီးရှားရေတပ် မောင်းထုတ်

ဂျာကာတာ၊ ဒီဇင်ဘာ ၃၁ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှ ဒုက္ခသည်တွေ တိုးပွားလာနေတဲ့အလျောက် မြန်မာပြည်ကနေ ရိုဟင်ဂျာ တွေတင်ဆောင်လာတဲ့ လှေတစ်စင်းကို အာချေးမှာ အင်ဒိုနီးရှားရေတပ်က မောင်းထုတ်ခဲ့တယ်လို့ စစ်တပ်ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီလှေဟာ ဆူမားတြားကမ်းလွန်ရှိ ဝါချ်ကျွန်းအနီး ရေပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး လှေပေါ်မှာ ရိုဟင်ဂျာ ဘယ် လောက်လိုက်ပါလာကြောင်းကိုလည်း ခန့်မှန်းမထားဘူးလို့ သူက ဆိုပါတယ်။…

ဘန်ကောက်ပစ်ခတ်မှုမှာ သေနတ်သမားကို တရားစွဲနိုင်ခြင်း မရှိသေး

ဘန်ကောက်၊ ဒီဇင်ဘာ ၃၁ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဆီယမ်ပါရာဂွန်ကုန်တိုက်ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား လူငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ ကုသနေချိန်အတွင်း ရဲတပ်ဖွဲ့အနေနဲ့ တရားစွဲဆိုနိုင်မှာမဟုတ် ဘူးလို့ ထိုင်းရှေ့နေချုပ်ရုံးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိထားတာပါ။ ထိုင်းရှေ့နေချုပ်ရုံးရဲ့ ပြောခွင့်ရက အသက် ၁၄ နှစ်အရွယ်…

အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ မှာ တောင်အာဖရိကနိုင်ငံ တရားစွဲ

အမ်စတာဒမ်၊ ဒီဇင်ဘာ ၃၁ အစ္စရေးစစ်တပ်ဟာ ဂါဇာမှာတိုက်ပွဲမှာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်ကြောင်းကြေညာပေးဖို့ တောင်အာဖရိကနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ထံ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့တရားရုံးလို့ လူသိများတဲ့ ICJ ဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတွေကြား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။ တောင်အာဖရိကနိုင်ငံက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့အတူ စာချုပ်ပါ အချက်အလက်တွေကို…