January 2024

အမေရိကန် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်လို့ အီရန် သတိပေး

တီဟီရန်၊ ဖေဖော်ဝါရီ ၁ အမေရိကန်က မိမိတို့မြေပေါ်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်လာရင် အနီရောင်စည်းကျော်တာလို့ သတ်မှတ်ပြီး အရှေ့အလယ်ပိုင်းဒေသတဝှမ်းမှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အီရန်အစိုးရက သတိပေးလိုက်ပါတယ်။ ဂျော်ဒန်နိုင်ငံအခြေစိုက် အမေရိကန်စစ်စခန်းတစ်ခုကို အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန် စစ်သား ၃ ဦးသေဆုံးခဲ့ရပြီးနောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို မိမိအနေနဲ့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ဆိုထားပါတယ်။…

အလုံးစုံအောင်ပွဲမရဘဲ အစ္စရေးတပ်တွေ ဆုတ်ခွာမှာမဟုတ်ဘူးလို့ နေတန်ယာဟု ပြော

ဂါဇာ၊ ဖေဖော်ဝါရီ ၁ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက မိမိတို့အနေနဲ့ ဂါဇာမှာ အလုံးစုံအောင်ပွဲမရသေးဘဲ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ကြားခံညှိနှိုင်းပေးသူတွေက ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဟားမတ်စ်အဖွဲ့ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးအဆိုပြုချက်ကို ဟားမတ်စ်အဖွဲ့ဆီ တင်ပြထားတာပါ။ ဒါဟာ ပထမအကြိမ် အပစ်ရပ်သဘောတူညီမှု ပျက်ပြယ်သွားပြီး နောက်ပိုင်း အလေးနက်ဆုံး ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ အစ္စရေးရဲ့ မြေပြင်ဝေဟင်ထိုးစစ်ဆင်မှုတွေကြောင့် ဂါဇာမှာ…

Move Forward ပါတီရဲ့ တော်ဝင်ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှု ရပ်တန့်ဖို့ ထိုင်းတရားရုံး အမိန့်ချ

ဘန်ကောက်၊ ဇန်နဝါရီ ၃၁ ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုဆိုင်ရာဥပဒေ ပြင်ဆင်ရေးကြိုးပမ်းမှုတွေ အားလုံးရပ်တန့်ဖို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို အမိန့်ချလိုက်ပါတယ်။ MFP နဲ့ ခေါင်းဆောင် ဖိထာတို့ရဲ့ ကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို ဖြုတ်သိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တရားသူကြီး ၉ ဦးလုံးက ဆုံးဖြတ်ခဲ့တာပါ။ ထိုင်းလူထုကြား…

စစ်တပ်လက်ကိုင်တုတ် ဦးအေးချမ်းကို ဖိတ်ခေါ်ခဲ့တဲ့ FCCI လုပ်ရပ်အပေါ် IPCM ရှုတ်ချ 

မော်လမြိုင် – ဇန်နဝါရီ ၃၁ အိန္ဒိယနိုင်ငံခြားသတင်းထောက်များအသင်း FCCI က စစ်ကောင်စီလက်ကိုင်တုတ် ဦးအေးချမ်း ဆိုသူကို သတင်းထောက်တစ်ဦးအဖြစ်အသိအမှတ်ပြုပြီး နယူးဒေလီကို ဖိတ်ခေါ်စကားပြောခဲ့ တာနဲ့ပတ်သက်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ရှုတ်ချလိုက်ပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က FCCI ဖိတ်ခေါ်ခဲ့သူဟာ သတင်းမီဒီယာတွေကို တရားဝင် ကိုယ်စားပြုသူ သတင်းသမားတစ်ဦးမဟုတ်ဘဲ…

စစ်ကောင်စီ သက်တမ်း နောက်ထပ် ၆ လ ထပ်တိုး

နေပြည်တော်၊ ဇန်နဝါရီ ၃၁ နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကာလုံ အစည်းအဝေးခေါ်ယူပြီး နောက်ထပ် ၆ လ သက်တမ်းထပ်တိုးလိုက်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် MRTV က ညနေ ၆ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့…

ကရင့်လက်နက်ကိုင်တပ်တွေ ပြန်လည်ပေါင်းစည်းဖို့ KNU ဥက္ကဌ တိုက်တွန်း

ဘားအံ၊ ဇန်နဝါရီ ၃၁ ကရင်တမျိုးသားလုံးရဲ့ လိုလားချက်နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု အပေါ်မှာ အခြေတည်ပြီး ကရင်အမျိုးသားရေးအတွက် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတိုင်း ပြန်လည်ပေါင်းစည်းညီညွတ်ကြဖို့ KNU ဥက္ကဌ တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် မိန့်ခွန်းပြောကြားစဉ် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းခဲ့တာပါ။…

သံဖြူဇရပ်က ရဲစခန်းနှစ်ခု တစ်ပြိုင်တည်း တိုက်ခိုက်ခံရ၊စစ်တပ် လေကြောင်းအသုံးပြုတိုက်ခိုက်နေ

သံဖြူဇရပ်၊ ဇန်နဝါရီ ၃၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနဲ့ ထင်းရှုးကျေးရွာရှိ ရဲစခန်းနှစ်ခုကို ဒီကနေ့ မနက်အစောပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တဲ့ အဲဒီရဲစခန်းနှစ်ခုကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်ကစပြီး သံဖြူဇရပ်မြို့နယ် ပကဖနဲ့ တောင်ညိုပြည်သူ့ပြောက်ကျားပူးပေါင်းတပ်ဖွဲ့တွေ…

ရခိုင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို AA အပြီးသတ်သိမ်းပိုက်

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ စစ်ကောင်စီဘက်က ကြည်း၊ရေ၊လေနဲ့ အပြင်းအထန် ခုခံနေတဲ့ကြားကနေ ရခိုင်ပြည်နယ် ကျောက်တောနဲ့မင်းပြားမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ်…

စစ်အာဏာသိမ်း (၁၀၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၆၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ AAPP ရဲ့ ဇန်နဝါရီ (၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၉၄) ရက်အတွင်း ပြည်သူ (၄၄၆၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၂၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရခိုင်မှာ အပစ်ခတ်ရပ်စဲဖို့ တရုတ်ကြိုးပမ်းမှု အလုပ်ဖြစ်နိုင်လား

စစ်တွေ၊ ဇန်နဝါရီ ၃၁ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အပစ် ခတ်ရပ်စဲရေးဖြစ်လာဖို့ တရုတ်နိုင်ငံကကြားဝင်ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen နဲ့…