စစ်တပ်လက်ကိုင်တုတ် ဦးအေးချမ်းကို ဖိတ်ခေါ်ခဲ့တဲ့ FCCI လုပ်ရပ်အပေါ် IPCM ရှုတ်ချ 

0
59

မော်လမြိုင် – ဇန်နဝါရီ ၃၁

အိန္ဒိယနိုင်ငံခြားသတင်းထောက်များအသင်း FCCI က စစ်ကောင်စီလက်ကိုင်တုတ် ဦးအေးချမ်း ဆိုသူကို သတင်းထောက်တစ်ဦးအဖြစ်အသိအမှတ်ပြုပြီး နယူးဒေလီကို ဖိတ်ခေါ်စကားပြောခဲ့ တာနဲ့ပတ်သက်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ရှုတ်ချလိုက်ပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က FCCI ဖိတ်ခေါ်ခဲ့သူဟာ သတင်းမီဒီယာတွေကို တရားဝင် ကိုယ်စားပြုသူ သတင်းသမားတစ်ဦးမဟုတ်ဘဲ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တစ်ဦးသာ ဖြစ်တယ်လို့ ဆိုထားတာပါ။ 

“FCCI အနေနဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာသမားတွေကို စုံစမ်းပြီး ဆက်သွယ်တာက ပိုပြီးသင့်တော်ပြီး သူတို့အနေနဲ့ ဂုဏ်သိက္ခာ ပိုရှိလာနိုင်တယ်။ မှန်ကန်တဲ့ သူတွေကို ချိတ်ဆက် ပြီး ခေါ်ပေးတာက ပိုပြီးတော့ ကောင်းမှာပါ” လို့ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံခြားသတင်းထောက်များအသင်း FCCI အနေနဲ့ မြန်မာနိုင်ငံက စစ်မှန်တဲ့ သတင်းသမားတွေနဲ့သာ လက်တွဲလုပ်ဆောင်ဖို့ တာဝန်ရှိပြီး သတင်းလွတ်လပ်ခွင့်အတွက် လုပ်ဆောင်နေတဲ့ မြန်မာသတင်းသမားတွေကို လေးစားစွာ ဆက်ဆံဖို့ လိုအပ်တယ်လို့လည်း ဆိုပါသေးတယ်။

အိန္ဒိယနိုင်ငံသတင်းသမားတွေအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ အပေါ် မတရားဖိနှိပ်ချုပ်ချယ်နေတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့လည်း IPCM က တောင်းဆိုထား ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – IPCM 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.