စစ်ကောင်စီ သက်တမ်း နောက်ထပ် ၆ လ ထပ်တိုး

0
52

နေပြည်တော်၊ ဇန်နဝါရီ ၃၁

နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကာလုံ အစည်းအဝေးခေါ်ယူပြီး နောက်ထပ် ၆ လ သက်တမ်းထပ်တိုးလိုက်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် MRTV က ညနေ ၆ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ သာမာန်မဟုတ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလ သက်တမ်းထပ်တိုးပေးဖို့ တင်ပြခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ တင်ပြမှုကို စစ်ကောင်စီခန့် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီအဖွဲ့တွေက တစ်ညီတစ်ညွှတ်တည်း ထောက်ခံတာကြောင့်  ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်းထပ်တိုးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ နောက်ထပ်သက်တမ်းဟာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့နေ ဇူလိုင် ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.