February 2025

စစ်အာဏာသိမ်း (၁၄၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၆၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၈ AAPP ရဲ့ ဖေဖော်ဝါရီ ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၆၈) ရက်အတွင်း ပြည်သူ (၆၂၆၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၅၂၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၃၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

အသက်မပြည့်တဲ့သူတွေကို စစ်မှုထမ်းမခေါ်ဖို့ စစ်ကောင်စီပြော

နေပြည်တော် ၊ ဖေဖော်ဝါရီ ၈ စစ်မှုထမ်းရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီက အသက် ၁၈ နှစ်မပြည့်သူတွေကို စစ်မှုထမ်းမခေါ်ဖို့နဲ့ အသက်မပြည့်သေးတဲ့ တပ်သားတွေ စိစစ်တွေ့ရှိရင် မိဘအုပ်ထိန်း သူထံအပ်နှံဖို့ ပြောဆိုလာပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ကာ ကွယ်ရေးဝန်ကြီး…

စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာရွေးကောက်ပွဲ အဖွဲ့အစည်းတွေငြင်းပယ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၈ တရားဥပဒေနဲ့ မညီတဲ့ မြန်မာစစ်အုပ်စုက ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအမည်ခံ အစီ အစဉ်တွေကို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ နိုင်ငံတကာာ ရွေးကောက်ပွဲစောင့်ကြည်လေ့ လာရေးနဲ့ အကူအညီပေးရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပူးတွဲကြေညာပါတယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ တရားဝင်မှုရှိတဲ့အုပ်ချုပ်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ မြန်မာလူထုရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ပေးတဲ့ ပွင့်လင်းပြီး…

ပစ်ခတ်မှုဖြစ်ပြီးနောက် ရေးမြို့မရဲစခန်းမှာ ဧည့်တွေ့ခွင့်နဲ့ အစားသောက်ပို့ခွင့် ပိတ်ပင်

ရေး၊ ဖေဖော်ဝါရီ ၈ မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်းမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် အချုပ်ကျနေသူတွေကို ဧည့်တွေ့ခွင့်နဲ့ အစားသောက်ပို့ခွင့် ရက်အကန့်အသတ်မရှိဘဲ ပိတ်ပင်ထားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ရေးမြို့မရဲစခန်းမှာ အချုပ်ခန်းထမင်းပုံး လာပို့ချိန် အချုပ်သားတွေက ရဲတပ်ဖွဲ့ဆီကနေ သေနတ်လုယက် ပစ်ခတ်ထွက်ပြေးမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေအပြင် အ ချုပ်သားတွေပါ ထိခိုက်သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ပြီးနောက်…

ကျိုက်ထိုမှာ စစ်မှုထမ်းဆင့်ခေါ်မှုစတင်၊ ၁၅ ရက်အတွင်း သတင်းပို့ဖို့ စစ်ကောင်စီ ညွှန်ကြား

ကျိုက်ထို၊ ဖေဖော်ဝါရီ ၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဆင့်ခေါ်မှုတွေ စတင်လုပ်ဆောင်နေပြီး ဆင့်ခေါ်စာရသူတွေ ၁၅ ရက်အတွင်း သတင်းပို့ဖို့ ညွှန်ကြားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့‌တွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စစ်မှုထမ်းဆင့်ခေါ်စာတွေကို နေ အိမ်တွေထံ လိုက်လံပို့ဆောင်နေတာပါ။ စစ်မှုထမ်းဆင့်ခေါ်စာမှာ ၁၅ ရက်အတွင်း မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို…

စစ်ကောင်စီကို ကူညီပေးမှု စွပ်စွဲချက် စင်ကာပူ ကုမ္ပဏီ ပယ်ချ

စင်ကာပူ၊ ဖေဖော်ဝါရီ ၇ မြန်မာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လုပ်ငန်းတစ်ခုနဲ့ မိမိတို့ရဲ့ လုပ်ငန်းတစ်ခုကြား မျှဝေထုတ်လုပ်ရေး စာချုပ်သက်တမ်းတိုးတာဟာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် နှစ်အနည်းငယ်အကြာကတည်းက သက်တမ်းတိုးခဲ့တာ ဖြစ်တယ်လို့ စင်ကာပူ အဓိက ဘုတ်စာရင်းဝင် ရေနံလုပ်ငန်း Interra Resources က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောကြား လိုက်ပါတယ်။ Interra…

ICC ကို တရားမဝင် အဖွဲ့အစည်းလို့ ထရန့် ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ဟာ အမေရိကန်နဲ့ မိမိတို့ရဲ့ အရင်းနှီးဆုံး မဟာမိတ် အစ္စရေးကို တရားမဝင် အခြေအမြစ် မရှိ ပစ်မှတ်ထား အရေးယူမှုတွေ လုပ်နေတယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲပြီး အရေးယူပိတ်ဆို့ရေး ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ ဒါမှမဟုတ် မဟာမိတ်တွေကို ICC က စုံစမ်း…

တော်လှန်ရေးအင်အားစုတွေကို အကူအညီပေးဖို့ နိုင်ငံတကာထံ CRPH တောင်းဆို

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၇ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲလုပ်ဆောင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့ နိုင်ငံတကာအသိုက်အဝိုင်းကို ပြည်ထောင်စုလွှတ်တော် CRPH က တောင်းဆိုလိုက်ပါတယ်။ စုံလင်ကွဲပြားတဲ့ လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ ဆိုပါတယ်။…

စစ်အာဏာသိမ်း (၁၄၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၇ AAPP ရဲ့ ဖေဖော်ဝါရီ ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၆၇) ရက်အတွင်း ပြည်သူ (၆၂၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၅၁၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၂၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစက်ဌာနကို ထည့်သွင်းပြီး ကော်မရှင်တိုးချဲ့

နေပြည်တော် ၊ ဖေဖော်ဝါရီ ၇ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းပုံမှာ အီလက်ထရောနစ်မဲပေးစက် EVM ဌာနကို ထည့်သွင်းပြီး တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးရဲ့ သဘောတူညီချက်အရ အရာထမ်းရာထူး ၆၂၇ နေရာ၊ အမှုထမ်းရာထူး…