April 2026

အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ကျင့်သုံးရေးနဲ့ UID ကြောင့် လူတစ်ဦးချင်းစီ စောင့်ကြည့်ခံရနိုင်

မော်လမြိုင် ၊ မေ ၁ အာဏာသိမ်း စစ်အစိုးရက နိုင်ငံကူးလက်မှတ်တွေကို အီလက်ထရောနစ် စနစ်အဖြစ် ပြောင်းလဲကျင့်သုံးဖို့ လိုအပ်တဲ့ UID နံပါတ်အတွက် နိုင်ငံသားတစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို စုဆောင်းထားတာကြောင့် စောင့်ကြည့်ခံရနိုင်တယ်လို့ လေ့လာသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိမှာ စစ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနဲ့ UID ထုတ်ပေးရေးလုပ်ငန်းကို ရက်ပေါင်း ၁၀၀ အတွင်း…

ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးကော်မတီမှာ တပ်ကိုယ်စားလှယ်ပါဝင်မှု ပယ်ဖျက်

‌နေပြည်တော် ၊ မေ ၁ အာဏာသိမ်းစစ်အစိုးရရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းမယ့် သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်အလိုက် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် တပ်ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မှုကို ပယ်ဖျက်လိုက်ပါတယ်။ စစ်ကောင်စီလက်ထက် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ခရိုင်နဲ့မြို့နယ် အုပ်ချုပ်ရေးဆိုင်ရာညွန်ကြားချက်တွေကို ပြင်ဆင်တဲ့ ညွန်ကြားချက်အဖြစ် စစ်အစိုးရရဲ့ သမ္မတရုံးက…

မွန်က စစ်အစိုးရ လွတ်ငြိမ်းမှာ နိုင်ကျဉ်းမပါ

မော်လမြိုင် ၊ မေ ၁ မွန်ပြည်နယ်မှာ စစ်အစိုးရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးတဲ့အထဲ နိုင်ငံရေးပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်ဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်အစိုးရဟာ ဧပြီ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ…

ထိုင်းမှာ ဆိုက်ယာနိုက် အဆိပ်နဲ့ လူ ၁၄ ဦး သတ်ထားတဲ့ အမျိုးသမီးကို ထောင်ဒဏ် တစ်သက် ထပ်မံချမှတ်

ဘန်ကောက်၊ ဧပြီ ၃၀ ဆိုက်ယာနိုက် အဆိပ်ကိုသုံးပြီး လူတွေ တောက်လျှောက်သတ်လာခဲ့တဲ့ အမျိုးသမီး လူသတ်သမား ဆာရာရတ် ရန်ဆီဝူသာပွန်အပေါ် ခွန်ကာအန်ပြည်နယ်က ရဲမေ တစ်ဦးကို အဆိပ်ခတ်သတ်မှုအတွက် ထိုင်းရာဇဝတ်မှုဆိုင်ရာ တရားရုံး တစ်ရုံးက ဧပြီ ၃၀ ရက်မှာနောက်ထပ် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်က အသက်…

လုံခြုံရေး စိုးရိမ်မှုကြောင့် ဘေဂျင်းမှာ ဒရုန်းရောင်းချမှု တရုတ် တားမြစ်

ဘေဂျင်း၊ ဧပြီ ၃၀ မေ ၁ ရက်မှာ အသက်စဝင်မယ့် ဥပဒေသစ်အရ တရုတ်က ဘေဂျင်းမြို့မှာ ဒရုန်းရောင်းချမှုကို တားမြစ်မှာ ဖြစ်ပြီး အသုံးပြုမယ်ဆိုရင်လည်း ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒရုန်းတွေနဲ့ အဓိက ဆက်စပ် ပစ္စည်းတွေကို တရုတ်နိုင်ငံ မြို့တော်မှာ ရောင်းချခွင့်၊ ငှားရမ်းခွင့် ဒါမှမဟုတ် ဝယ်ယူခွင့် တားမြစ်သွားမှာ ဖြစ်ပါတယ်။…

တနင်္သာရီမှာ ရော်ဘာခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းထိ

ရေဖြူ၊ ဧပြီ ၃၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာမှာ ရော်ဘာခြံအလုပ်သမား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က ရာဖူးကျေးရွာ ရော်ဘာခြံတစ်ခုမှာ ခြံရှင်းနေတဲ့ အလုပ်သမား လူငယ် တစ်ဦးဟာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အသက်…

အကျဉ်းသား ၁၅၀၀ ကျော် လွတ်ငြိမ်းရ

နေပြည်တော်၊ ဧပြီ ၃၀ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၁၅၀၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အစိုးရအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ဧပြီ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လွတ်ငြိမ်းပေးအပ်ခဲ့တာပါ။ လွတ်ငြိမ်းခွင့်ရတဲ့…

ရေးမှာ စစ်တပ်စစ်ကြောင်း တိုက်မိုင်းထိပြီး လေးဦး သေဆုံး

ရေး၊ ဧပြီ ၃၀ မွန်ပြည်နယ် ရေးမြို့နယ် အောင်သာယာကျေးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တိုက်မိုင်းထိပြီး လေးဦး သေဆုံးခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်လောက်မှာ အောင်သာယာကျေးရွာတောင်ဘက် တောစပ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက…

အီရန် စစ်ပွဲအတွက် ကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံရှိပြီလို့ အမေရိကန် ခန့်မှန်း

ဝါရှင်တန်၊ ဧပြီ ၃၀ အီရန် စစ်ပွဲအတွက် ကုန်ကျစရိတ်ဟာ ဒီကနေ့ အချိန်အထိ ကန်ဒေါ်လာ ၂၅ ဘီလီယံ ရှိပြီ ဖြစ်ကြောင်း အမေရိကန် ငွေစာရင်းအရာရှိ ဂျူးလ်စ် ဟက်စ်ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။ သူက လွှတ်တော် လက်နက်ကိုင် ဌာနများဆိုင်ရာ ကော်မတီ ရှေ့မှောက် ဧပြီ ၂၉ ရက် ထွက်ဆိုမှု အတွင်း…

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မေ ၁၁ ရက်မှာ ပြန်လွတ်မယ်

ဘန်ကောက်၊ ဧပြီ ၃၀ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာကို အာမခံပေးလိုက်ပြီး အီလက်ထရွန်နစ် စောင့်ကြည့်ရေး ကိရိယာလည်း တပ်ထားစရာမလိုတော့ဘဲ မေ ၁၁ ရက်မှာ ပြန်လွတ်မြောက်မယ်လို့ သိရပါတယ်။ ဧပြီ ၂၉ ရက်မှာ တရားရေး ဝန်ကြီးဌာနရဲ့ အာမခံပေးရေး ကော်မတီ အစည်းအဝေး ကျင်းပပြီး အထွေထွေ အာမခံ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ပြည့်မီတဲ့…