ဘေဂျင်း၊ ဧပြီ ၃၀

မေ ၁ ရက်မှာ အသက်စဝင်မယ့် ဥပဒေသစ်အရ တရုတ်က ဘေဂျင်းမြို့မှာ ဒရုန်းရောင်းချမှုကို တားမြစ်မှာ ဖြစ်ပြီး အသုံးပြုမယ်ဆိုရင်လည်း ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒရုန်းတွေနဲ့ အဓိက ဆက်စပ် ပစ္စည်းတွေကို တရုတ်နိုင်ငံ မြို့တော်မှာ ရောင်းချခွင့်၊ ငှားရမ်းခွင့် ဒါမှမဟုတ် ဝယ်ယူခွင့် တားမြစ်သွားမှာ ဖြစ်ပါတယ်။

ဒရုန်း ပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ ဒရုန်းတွေကို ရဲဌာနမှာ မှတ်ပုံတင်ထားဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။

တရုတ်မှာ မကြာသေးခင်နှစ်တွေက ဒရုန်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို တဖြည်းဖြည်း တင်းကြပ်ထားပြီး အာဏာပိုင်တွေက အများပြည်သူ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒရုန်းတွေနဲ့ မိုးပျံတက္ကစီတွေဟာ ၂၀၃၅ မှာ ဝင်ငွေ ကန်ဒေါ်လာ ဘီလီယံ ၂၉၀ ရရှိရေး မျှော်လင့်ထားတဲ့ တရုတ်အတွက် ဗျူဟာမြောက် ဦးစားပေး ယာဉ်တွေ ဖြစ်ပြီး အနိမ့်ပျံစီးပွားရေးလို့ ခေါ်တဲ့ လုပ်ငန်းနယ်ပယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ တချို့မြို့တွေမှာ ဒရုန်းတွေကို မြင်တွေ့နေကျဖြစ်ပြီး အစားအစာ ပို့ဆောင်ဖို့ စိုက်ပျိုးရေးနဲ့ အဆောက်အဦတွေ သန့်ရှင်းရေး လုပ်ဖို့ အသုံးပြုလေ့ရှိပါတယ်။

ကမ္ဘာ့ဒရုန်း ဈေးကွက်ကို တရုတ်ကုမ္ပဏီတွေက ကြီးစိုးကောင်းကြီးစိုးထားမှာ ဖြစ်ပေမယ့် တရုတ်ဟာ ဒရုန်း ပျံသန်းဖို့ အခက်ခဲဆုံး နေရာတွေထဲက တစ်ခု ဖြစ်လာနေပါတယ်။

ဒရုန်းတွေကို ဘေဂျင်းမြို့ကနေ အသွင်းအထုတ် မလုပ်ခင် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ အသုံးပြုသူတွေက ပြန်လည်ပြုပြင်ဖို့ အတွက် သူတို့ရဲ့ ဒရုန်းတွေကို မြို့ အပြင်ဖက်သို့ပို့ဆောင်မယ်ဆိုရင် သူတို့အနေနဲ့ ကိုယ်တိုင် ပို့ဆောင်ရမှာ ဖြစ်သလို ကိုယ်တိုင် လက်ခံယူကြရမှာ ဖြစ်ပါတယ်။

ဘေဂျင်းမြို့မှာ အဆောက်အဦ ပြင်ပ ဒရုန်း ပျံသန်းမှု အားလုံးအတွက် ကြိုတင် ခွင့်ပြုချက်ယူရမှာ ဖြစ်ပြီး ဒရုန်း အသုံးပြုသူတွေအနေနဲ့ အွန်လိုင်း လေ့ကျင့်ရေး သင်တန်း တက်ရမှာ ဖြစ်သလို ဒရုန်း အသုံးပြုမှုဆိုင်ရာ စည်းကမ်းဥပဒေတွေနဲ့ ပတ်သက်လို့ စစ်ဆေးမှု အောင်မြင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခြွင်းချက်တွေရှိနေပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတို့လို ရည်ရွယ်ချက်တွေအတွက် အာဏာပိုင်တွေက ခွင့်ပြုရင် မြို့ထဲကို ဝယ်ယူလာပြီး သိမ်းထားလို့ရပါတယ်။

ဒါပေမဲ့ မကြာသေးခင်နှစ်တွေက စပြီး တရုတ် အစိုးရက နိုင်ငံတွင်း ဒရုန်း အသုံးပြုမှုဆိုင်ရာ ဥပဒေတွေကို တင်းကြပ်ခဲ့ပါတယ်။

ဘေဂျင်းမှာ ဒရုန်း ကန့်သတ် ထိန်းချုပ်မှုကို မတ်လက အတည်ပြုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြို့တော် အာဏာပိုင်တွေက အနိမ့်ပျံ ဝေဟင် ဘေးကင်းရေး စိန်ခေါ်မှုတွေကို တုံ့ပြန်ရေး ဒရုန်း စီမံခန့်ခွဲမှုကို အားကောင်းအောင် လုပ်ဆောင်ရမယ်လို့ ပြောဆိုခဲ့တာပါ။

ဘေးအန္တရာယ်ကင်းရှင်းရေး၊ နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်ရေး ဟန်ချက်ညီအောင် လုပ်ဆောင်ဖို့ ရည်မှန်းထားကြောင်း ဘေဂျင်းမြို့တော် စည်ပင် ပြည်သူ့ ကွန်ဂရက် အကြီးတန်း အရာရှိ ရှောင် ကျင်းဟွာက ပြောပါတယ်။

ဒီဥပဒေသစ် အသက်ဝင်လာတော့မယ့် အချိန် ဘေဂျင်းမြို့ရှိ ဒရုန်း အရောင်းဆိုင်တွေ သူတို့ရဲ့ ပစ္စည်းတွေကို ရှင်းလင်းနေကြပြီ ဖြစ်ကြောင်း သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.