July 2025

စစ်အာဏာသိမ်း (၁၆၂၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၁ AAPP ရဲ့ ဇူလိုင်၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၂၁) ရက်အတွင်း ပြည်သူ (၆၈၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်ကာကွယ်ရေးတပ် MSDF နှစ်ဖွဲ့ကွဲပြီလား

မော်လမြိုင် ၊ ဇူလိုင် ၁၁ မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီက ကော်မတီဥက္ကဋ္ဌ ဒေါက် တာ သီရိမွန်ချမ်းကို ရာထူးကနေ ပြန်လည်ရုပ်သိမ်းပြီး အဖွဲ့ကနေ ထုတ်ပယ်လိုက်တယ်လို့ ဇူလိုင် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပယ်မှုဟာ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သီရိမွန်ချမ်းရဲ့ အပြုအမူအပြောအဆို ကြံစည်လုပ်ကိုင်ဆောင်ရွက်ခဲ့မှုတွေအပေါ် ဆက်လက်ယုံကြည် လက်တွဲလုပ်ဆောင်ဖို့ အဆင်မပြေမှုတွေ…

လမိုင်းမြို့မှာ လူမှုကူညီရေးအသင်းဝင်နှစ်ဦး အုပ်စုဖွဲ့ ဓားနဲ့ခုတ်ခံရ

ရေး၊ ဇူလိုင် ၁၁ မွန်ပြည်နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာအခြေစိုက် လူမှုကူညီရေးအသင်းဖြစ်တဲ့ ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းက အသင်းဝင်နှစ်ဦး အုပ်စုဖွဲ့ ဓားနဲ့ခုတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ အဲဒီလူမှုကူညီရေးအသင်းရဲ့ အတွင်းရေးမှူးနဲ့ အသင်းသား တစ်ဦးဟာ ဆိုင်ကယ်တစ်စီးနဲ့ လမိုင်းမြို့ကနေ မော့ကနင်ကျေးရွာကို ပြန်လာချိန်…

ဘီးလင်းမြို့နယ် မင်းစောရွာကို စစ်တပ်ဗုံးကြဲ

ဘီးလင်း၊ ဇူလိုင် ၁၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေး မှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၀ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးနဲ့ မင်းစောရွာကို ဗုံးနှစ်လုံး…

ပွင့်ဖြူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ အဖမ်းခံထားရသူ များပြားလာ

မကွေး ဇူလိုင် ၁၀ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ ဒေသခံပြည်သူအရေအတွက် များပြားလာတယ်လို့ သိရပါတယ်။ ဇူလိုင် ၉ ရက်မှာ ပွင့်ဖြူ ညောင်ပင်စောက်ကျေးရွာသား ၃ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီနေ့ ည ၉ နာရီဝန်းကျင်မှာ အိမ်စီးကားနဲ့ လာရောက်ဖမ်းခေါ်သွားတာဖြစ်ပြီး ဇူလိုင် ၁၀…

မင်းဘူးခရိုင်မှာ စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ်တွေကို ဖမ်းဆီးနေ

မကွေး ဇူလိုင် ၁၀ မကွေးတိုင်း မင်းဘူးခရိုင်အတွင်း စစ်ကောင်စီက စစ်မှုထမ်းအတွက်​ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူနဲ့ စလင်းမြို့တွေမှာ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေ ပြုလုပ်လာတာပါ။ “မင်းဘူးမြို့ကြီးမှာတောင် စစ်တပ်အရာရှိတွေနေတဲ့ အိမ်ရာတွေဘေးက ရပ်ကွက်ကို ညနေ နေဝင်ခါစမှာ အိမ်တွေထဲအထိ ဝင်ဆွဲတာတွေလုပ်ဆောင်နေပါတယ်။ တော်တော်များများလည်း ပါသွားတယ်။”…

တောင်ကိုရီးယား ကာကွယ်ရေးအတွက် သူတို့ကိုယ်တိုင် ငွေကြေးကျခံသင့်တယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇူလိုင် ၁၀ တောင်ကိုရီးယားအနေနဲ့ သူတို့ရဲ့ စစ်ဖက်ဆိုင်ရာ ကာကွယ်ရေးအတွက် သူတို့ကိုယ်တိုင် ငွေကြေးကျခံသင့်ကြောင်း၊ အမေရိကန် မဟာမိတ် အနေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို လက်ခံထားမှုအတွက် ငွေကြေးပိုပေးသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ တောင်ကိုရီးယား ပို့ကုန်တွေအတွက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်ကြောင်း ကြေညာပြီး တစ်ရက်အကြာ ဇူလိုင်…

အာဆီယံအဖွဲ့ ပိုမိုစည်းလုံးဖို့ အင်ဒိုနီးရှား တိုက်တွန်း

ဂျကာတာ၊ ဇူလိုင် ၁၀ ပထဝီနိုင်ငံရေး တင်းမာမှု အရှိန်မြင့်တက်လာနေချိန်မှာ ဒေသဆိုင်ရာတည်ငြိမ်မှု ထိန်းသိမ်းရေး အာဆီယံရဲ့ ဗဟိုချက်မနေရာက ပါဝင်ဆောင်ရွက်မှုကို ထိန်းသိမ်းဖို့နဲ့ အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု ပိုအားကောင်းလာအောင် ဆောင်ရွက်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုက တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့ ပြဿနာ၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ ကွာလာလမ်ပူမြိုက အာဆီယံ…

ကျုံဒိုးတိုက်ပွဲမှာ ရာမညမွန်တပ်တော်က ရဲဘော်သုံးဦးကျဆုံး

ကျုံဒိုး၊ ဇူလိုင် ၁၀ ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးဝန်းကျင်တိုက်မှာ ရဲဘော် သုံးဦး ကျဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က ဒီကနေ့ ဇူလိုင် ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် သုံးဦးဟာ ရဲဘော်ဟိန်းကိုကိုဝင်း၊ ရဲဘော် ဝေလွင်ကျော်၊ ရဲဘော် ရဲဝင်းကိုတို့ ဖြစ်ပြီး ဇွန် ၁၈ ရက်၊ ဇူလိုင် ၆…

တောင်ငူအခြေစိုက် ခလရ ၃၉ တပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရ

တောင်ငူ၊ ဇူလိုင် ၁၀ ပဲခူးတိုင်း တောင်ငူမြို့နယ် လေးမိုင်ရှိ စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အရာရှိနှစ်ဦးအပါအဝင် စစ်သည် ၅ ဦးသေဆုံးခဲ့တယ်လို့ Brave Warrior For Myanmar-BWM က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ခလရ ၃၉ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…