တနင်္သာရီမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးအလင်းဝင်
တနင်္သာရီ၊ ဇူလိုင် ၁၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး လက်နက်ခဲယမ်းအတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနထံက သိရပါတယ်။ တနင်္သာရီမြို့နယ်အခြေစိုက် ရေဖြူစစ်ဗျူဟာမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ တနင်္သာရီတိုင်းစစ်ဌာနကို ဆက်သွယ်အလင်းဝင်ရောက်လာခဲ့တာပါ။ အလင်းဝင်လာတဲ့သူတွေဟာ တပ်သား စိုင်းဝဏ္ဏနဲ့ တပ်သား ဘုန်းမြင့်အောင်တို့ဖြစ်ပြီး MA 1…