2025

စစ်အာဏာသိမ်း (၁၄၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၆၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၆ AAPP ရဲ့ ဖေဖော်ဝါရီ ၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၆၆) ရက်အတွင်း ပြည်သူ (၆၂၆၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၅၀၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၂၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရာမညစစ်ကြောင်းရဲ့ စစ်ဆင်ရေး ဘယ်အထိ ခရီးပေါက်နိုင်မလဲ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၆ မွန်တပ်လေးတပ်ကနေ ဖွဲ့စည်းခဲ့တဲ့ ရာမညစစ်ကြောင်းဟာ အခုနှစ်ပထမလေးလပတ်အတွင်း ထိုး စစ်အသွင် စစ်ဆင်ရေးလုပ်ဖို့ အဆင်သင့်မဖြစ်နိုင်သေးဘူးလို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ မွန်တပ်တော်ဆီသို့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြေးလမ်းပေါ်က မွန်တပ်ပေါင်းစုဆိုတဲ့ ပေါင်းစည်းခြင်းဆိုင်ရာ ထူးခြားဖြစ်စဉ်တွေ ဆန်းစစ်သုံးသပ်ချက်တွေနဲ့ အကြုံပြုချက်တွေပါတဲ့ စာတမ်းကို NRFF က ဖေဖော်ဝါရီ…

သိမ်ဇရပ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကျောက်မိုင်းနေရာ တိုက်ခိုက်ခံရ

သိမ်ဇရပ်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး ကျောက်မိုင်းနေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ညနေ ၅ နာရီခွဲအချိန်လောက်မှာ ကျောက်မိုင်းရဲ့ ရုံးအဆောက်အ ဦးတွေအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း…

ရေးမြို့မရဲစခန်း ပစ်ခတ်မှုမှာ ပြန်မိတဲ့အချုပ်သားခုနှစ်ဦး ပစ်သတ်ခံရ

ရေး၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်း ပစ်ခတ်မှုအတွင်း ပြန်လည်ဖမ်းဆီးခံရတဲ့ အချုပ်သား ခုနှစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေအပါအဝင် ရဲစခန်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရေးမြို့မရဲစခန်းရှိ ဒုရဲအုပ်နိုင်လွင်ဦး ဦးဆောင်တဲ့အဖွဲ့က အချုပ် ခန်းထမင်းပုံး လာပို့ဆောင်စဉ် အချုပ်သားတွေက သေနတ်လုယက် ပစ်ခတ်ထွက်ပြေးမှု ဖြစ်ပွားခဲ့တာပါ။ ဒီပစ်ခတ်မှုအတွင်း…

ရေးမြို့နယ်က နှင်းစုံစစ်ဆေးရေးဂိတ်ကို မွန်ပြည်သစ် AD ဝင်တိုက်

ရေး၊ ဖေဖော်ဝါရီ ၅ မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က သတင်းထုတ်ပြန်ပါတယ်။ အချိန် တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေဆုံးပြီး…

တရုတ်နဲ့ဟောင်ကောင်က ပေးပို့တဲ့ ပါဆယ်ပစ္စည်း လက်ခံမှု အမေရိကန် ရပ်ဆိုင်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅ အမေရိကန် စာတိုက်ဝန်ဆောင်မှုဌာန USPS က တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်က ပေးပို့တဲ့ ပါဆယ်ပစ္စည်း လက်ခံမှုတွေကို ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။ အဲဒီ ရပ်ဆိုင်းမှုမှာ စာတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ USPS ဝက်ဘ်ဆိုက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလို ရပ်ဆိုင်းထားမှုကို နောက်ထပ် မကြေညာခင်အချိန်အထိ ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ USPS က…

ဆွီဒင်နိုင်ငံရှိ ပညာရေးစင်တာ သေနတ်နဲ့ဝင်ပစ်ခံရလို့ လူ ၁၁ ဦး သေဆုံး

စတော့ဟုမ်း၊ ဖေဖော်ဝါရီ ၅ ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ ပညာရေးစင်တာ တစ်ခုမှာ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီး သေနတ်သမားလို့ သံသယရှိသူ အပါအဝင် လူ ၁၁ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ မြို့တော် စတော့ဟုန်း အနောက်ဖက် ၁၂၄ မိုင်အကွာ အိုရီဘရိုမြို့ ပညာရေးစင်တာမှာ ဖေဖော်ဝါရီ ၄ ရက်မှာ ဖြစ်ပွားခဲ့တဲ့…

မြန်မာနယ်စပ်မြို့ သုံးမြို့ကို ထိုင်းအစိုးရ လျှပ်စစ်မီးဖြတ်တောက်၊ စက်သုံးဆီဈေး ချက်ချင်းခုန်တက်

မြဝတီ၊ ဖေဖော်ဝါရီ ၅ မြန်မာ-ထိုင်းနယ်စပ် မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့ထံ ဖြန့်ဖြူးပေးဝေနေတဲ့ လျှပ်စစ်ဓာတ်အားတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ တိုင်းအစိုးရက ဖြတ်တောက်လိုက်တယ်လို့ မြို့ခံဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေဆီ လျှပ်စစ်ဓာတ်အားတွေ မရောက်ရှိဖို့အတွက် ထိုင်းအစိုးရက ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၉…

အာဏာသိမ်းကာလအတွင်း ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍက လူပေါင်း ၄၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၅ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ လေးနှစ်အတွင်း စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ကျန်းမာရေးကဏ္ဍနဲ့ ပညာရေးကဏ္ဍက လူပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ အာဏာသိမ်းကာလ လေးနှစ်အတွင်း စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၂၄၅ ကျောင်းနဲ့ ဆေးရုံ…

အာဆီယံ အထူးကိုယ်စားလှယ် နေပြည်တော်ကို လာမယ်

မော်လမြိုင် ဖေဖော်ဝါရီ ၅ အာဆီယံ ဥက္ကဌ မလေးရှားနိုင်ငံက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အော့မန် ဟာရှင် Othman Hashim ဟာ ဖေဖော်ဝါရီ ၆ ရက်ကနေ ၈ ရက်အထိ နေပြည်တော်ကို လာရောက်မှာဖြစ်ပြီး စစ်ကောင်စီ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး Thai PBS သတင်းမှာ ဖော်ပြပါတယ်။…