အမေရိကန် စီးပွားရေးကို ကြပ်တည်းစေတဲ့ ကုန်သွယ်ဖက် ၁၄ နိုင်ငံအပေါ် အခွန်အသစ် ထရန့် အဆိုပြု

ဝါရှင်တန်၊ နိုဝင်ဘာ ၂၆

အမေရိကန် အစိုးရက ဖွဲ့စည်းမှုဆိုင်ရာ လွန်ကဲတဲ့ စက်ရုံလုပ်ငန်း နယ်ပယ် စွမ်းပကားလို့ ပြောတဲ့ အခြေအနေကို တိုက်ဖျက်ရေး အဓိက ကုန်သွယ်ဖက် ၁၄ နိုင်ငံအပေါ် အခွန်အသစ် ချမှတ်ရေး နိုဝင်ဘာ ၂၅ ရက်မှာ အဆိုပြုလိုက်ပါတယ်။

ဒီလို အဆိုပြုရာမှာ ကမ္ဘာ့ဈေးကွက်တွေအတွင်း ဈေးပေါတဲ့ ပို့ကုန်တွေ ပြည့်နှက်စေမှုအတွက် ဝါရှင်တန်က အများဆုံး အပြစ်တင်ထားတဲ့ တရုတ်အပေါ် အခွန်နှုန်းထား အများဆုံး ပြဌာန်းဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

အရင်းနှီးဆုံး မဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ ဥရောပသမဂ္ဂနဲ့ တောင်ကိုရီးယား အပါအဝင် ကုန်သွယ်ဖက် ၁၆ နိုင်ငံရဲ့ ကုန်သွယ်မှု မမျှတတဲ့ အလေ့အကျင့်တွေကို ၈ လကြာ လေ့လာစုံစမ်းပြီးနောက် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက အခုလို အခွန်နှုန်းထားတွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်အထိတော့ အမေရိကန် ကုန်သွယ်ရေးရုံးက မက္ကဆီကိုနဲ့ နော်ဝေးတို့ဆီက တင်ပို့ကုန်စည်တွေအပေါ် အခွန်တွေ ကောက်ဖို့ အဆိုပြုထားတာ မရှိသေးပါဘူး။

တရုတ်၊ ဘင်္ဂလားဒေ့ချ်၊ ကမ္ဘောဒီးယား၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဆီက တင်ပို့တဲ့ ကုန်စည်တွေအပေါ် အခွန်တွေ ကောက်ဖို့ အဆိုပြုထားတာ ဖြစ်တယ်လို့ အကြီးတန်း အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။

အသေးစိတ် နှုန်းထားတွေကို အမေရိကန် ဖက်ဒရယ် မှတ်ပုံတင် အသိပေးချက်မှာ နိုဝင်ဘာ ၂၅ ရက်မှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဈေးကွက် ဝယ်လိုအားနဲ့ အခြေခံမူတွေရဲ့ လက်တွေ့ အခြေအနေတွေနဲ့ ကင်းကွာနေတဲ့ ထုတ်လုပ်မှုနဲ့ စွမ်းပကားကို အားပေးနေတဲ့ နိုင်ငံတွေ ရှိနေတဲ့ အနေအထားတွေ အဖြစ် စွမ်းပကား လွန်ကဲမှုကို အမေရိကန်က သတ်မှတ်တာ ဖြစ်ပါတယ်။

အဲဒီ ကုန်သွယ်ဖက် နိုင်ငံ တစ်နိုင်ငံချင်းစီဟာ အမေရိကန် စီးပွားရေးကို ကြပ်တည်းအောင် ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် ကျိုးကြောင်း မဆီလျော်အောင် လုပ်တယ်လို့ တွေ့ရှိထားတဲ့ အလေ့အထတွေ ၊ မူဝါဒတွေနဲ့ အမျိုးမျိုးသော အပြုအမူတွေကတစ်ဆင့် ထုတ်လုပ်ရေး ကဏ္ဍတွေမှာ ထုတ်လုပ်မှုနဲ့ စွမ်းပကား လွတ်ကဲနေမှု ဖြစ်စေတဲ့ ဖန်တီးနေတဲ့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဝါရှင်တန်က သုံးသပ်ကြောင်း အဲဒီ အရာရှိက ပြောပါတယ်။

တရုတ်အနေနဲ့ အရင်က အမေရိကန် ချမှတ်ထားတဲ့ အခွန် ၂၅ ရာခိုင်နှုန်း အပြင် အဆိုပြုထားတဲ့ အခွန် ၂၀ ရာခိုင်နှုန်းကြောင်း အမြင့်မားဆုံး အခွန်နှုန်းထား ကောက်ခံခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုပြုထားတဲ့ အခွန်တွေဟာ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းမှု ဥပဒေလျော့ရဲမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကုန်သွယ်ဖက် နိုင်ငံ ၆၀ ပါဝင်တဲ့ အုပ်စု အပေါ် ဇူလိုင်လက ပြဌာန်းခဲ့တဲ့ အခွန် ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၂ ဒသမ ၅ ရာခိုင်နှုန်းအပေါ် ထပ်တိုးမှာ မဟုတ်ပါဘူး။

အခုလို အခွန်ကောက်ခံမှုတွေက အမေရိကန် နိုင်ငံတော်တရားရုံးက ဖေဖော်ဝါရီလအတွင်း ပယ်ချခဲ့တဲ့ ထရန့်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခွန်ကောက်ခံမှု ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမှု ဖြစ်တယ်လို့ အများက ရှုမြင်ထားပါတယ်။

အခွန် အသစ်တွေဟာ ထရန့် အစိုးရ ညှိနှိုင်းထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေမှာ ပါဝင်တဲ့ အခွန် ကန့်သတ်ချက်တွေထက် ကျော်လွန်မှာ မဟုတ်ဘူးလို့ အမေရိကန် အရာရှိက ပြောပါတယ်။

နှစ်နိုင်ငံ ဆွေးနွေးမှုအရ အခွန်လျှော့ချရေး အမေရိကန်က စဉ်းစားနေတဲ့ ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးရှိတရုတ် သွင်းကုန်တွေအပေါ် အခု အခွန်စည်းကြပ်မှုကသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

တရုတ်နဲ့ အမေရိကန်ကြား တစ်နှစ်ကြာ ကုန်သွယ်ရေး သဘောတူညီမှုဟာ ဇန်နဝါရီ ၁၀ ရက်မှာ သက်တမ်း ကုန်ုတော့မှာ ဖြစ်ပါတယ်။

Ref: Khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.