ဒါကာ၊ နိုဝင်ဘာ ၂၅
ဆယ်စုနှစ် တစ်ခုကျော်အတွင်း အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်မှုအနေနဲ့ ဘင်္ဂလားဒေ့ချ် အစိုးရက အထည်ချုပ် အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာနှုန်းထားကို ၃၆ ရာခိုင်နှုန်း အမေရိကန် ဒေါ်လာ ၁၃၉ အထိ နိုဝင်ဘာ ၂၅ ရက်မှာ တိုးမြှင့်ပေးလိုက်ပါတယ်။
အလုပ်သမားတွေက လုပ်ခလစာ နှစ်ဆ တိုးပေးဖို့ တောင်းဆိုနေချိန် ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခ ဖြစ်ပွားနေပြီး ဆန္ဒပြပွဲတွေကြောင့် စက်ရုံတွေ ပိတ်ထားရချိန် ထုတ်လုပ်မှု အနှောင့်အယှက် ဖြစ်တာ သီတင်းပတ်များစွာ ကြာမြင့်လာချိန်မှာ ဘင်္ဂလားဒေ့ချ် အစိုးရရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စက်ရုံတွေ သီတင်းပတ် များစွာကြာ ပိတ်ထားခဲ့ရတဲ့ အထည်ချုပ် လုပ်သားတွေက လုပ်ခလစာ တိုးပေးရေး သီတင်းပတ်ပေါင်းများစွာကြာပြီးနောက် လစာ တိုးမြှင့်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြား ၁၂ နာရီကြာ ဆွေးနွေးပြီးနောက် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီမှာ လုပ်ခလစာ တိုးပေးရေး အစိုးရ ခန့်ထားတဲ့ လုပ်ခလစာ ဘုတ်အဖွဲ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အလုပ်သမား ကိုယ်စားလှယ် နှစ်ဦးနဲ့ လုပ်ငန်းရှင်တွေရဲ့ ကိုယ်စားလှယ် နှစ်ဦး ပါဝင်တဲ့ ဘုတ်အဖွဲ့ဝင် ၆ ဦး ပါဝင်တဲ့ အဖွဲ့က လုပ်ခလစာ နှုန်းထား အသစ်ကို ၄ မဲ ၂ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ချ် အထည်ချုပ် လုပ်ငန်း စက်ရုံတွေရဲ့ အနိမ့်ဆုံး လုပ်ခ လစာဟာ ၁၂၅၀၀ တာကာပဲ ရှိတာ ဖြစ်ပါတယ်။
လုပ်ခလဟာ တိုးမြှင့်ပေးမှုမှာ အလုပ်သမားတွေကို ဘင်္ဂလားဒေ့ချ် အစိုးရက အဆင့်သတ်မှတ်ပြီးတော့ တိုးပေးထားတာ ဖြစ်ပါတယ်။
အဆင့် ၄ ရှိတဲ့ အလုပ်သမားတွေအနေနဲ့ တာကာ ၄၅၀၀ နဲ့အထက် ရရှိနိုင်ကြောင်း ၂၀၂၃ ခုနှစ်မှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လစာထက် ပိုမြင့်တဲ့နှုန်းထားကို ဘင်္ဂလားဒေ့ချ် အစိုးရက သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဆယ်စုနှစ် တစ်စုကျော် ကြာတဲ့ ကာလအတွင်း အနိမ့်ဆုံး လုပ်ခ လစာတိုးပေးမှုဟာ ၂၀၂၃ ခုနှစ်မှာ ၅၆ ရာခိုင်နှုန်း တိုးပေးခဲ့ပြီးနောက် ဆက်လက် တိုးပေးမှု ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ချ် အစိုးရက ၂၀၁၃ ခုနှစ်အတွင်း အထည်ချုပ်လုပ်သားတွေအတွက် လစာကို ၇၇ ရာခိုင်နှုန်း တိုးပေးခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ၅၁ ရာခိုင်နှုန်း တိုးပေးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ ၅၆ ရာခိုင်နှုန်းတိုးပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ အထည်ချုပ် လုပ်သားတွေ ရရှိတဲ့ လုပ်ခလစာဟာ ဘင်္ဂလားဒေ့ချ်မှာ အနည်းဆုံး ဖြစ်နေပါသေးတယ်။
ဘင်္ဂလားဒေ့ချ် အထည်ချုပ် လုပ်ငန်း ထုတ်လုပ်သူများ တင်ပို့သူများ အဖွဲ့အစည်း (BGMEA) က နိုဝင်ဘာ ၂၄ ရက်မှာ စက်ရုံ ၃၉၇ခု ပိတ်ထားရတယ်လို့ ပြောထားပါတယ်။
Ref:Reuters

