ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများစာရင်းကနေ လာအို လွတ်မြောက်

ဗီယန်ကျင်း ၊ နိုဝင်ဘာ ၂၄

ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပြင်းထန်ဆုံး ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအတွက် သတ်မှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများစာရင်းမှာ လာအိုနိုင်ငံဟာ ၅၅ နှစ်ကြာတဲ့ အထိ ပါဝင်နေခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်မှာ တရားဝင် လွတ်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဟာ အဆင့်သတ်မှတ်ချက်ထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်း ဖွံ့ဖြိုးရေး မူဝါဒဆိုင်ရာ ကော်တီက ထောက်ခံခဲ့ပြီးနောက် နိုဝင်ဘာ ၂၄ ရက် ရက်စွဲကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၂၀၂၁ ခုနှစ် အတွင်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်က မူလ စာရင်းမှာ ထည့်သွင်းခံရတဲ့ နိုင်ငံ တစ်နိုင်ငံအတွက် ဒါက အထင်ကာရ သတ်မှတ်ခံရမှု ဖြစ်ပြီး လာအိုက အဲဒီ သတ်မှတ်ချက်ကနေလွတ်မြောက်ရေး ၂၀၀၀ ပြည့်နှစ်မှာ ပြည့်မီအောင် လုပ်ဆာင်မယ်လို့ ရည်မှန်းချက် ထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို အဆင့်သတ်မှတ်မှုက လွတ်မြောက်တာက နိုင်ငံတော် ဝင်ငွေ မြင့်တက်လာမှုထက် ပိုတဲ့ အခြေအနေကို ထင်ဟပ် စေပါတယ်။

ကုလသမဂ္ဂက လူတစ်ဦးချင်း အလိုက် နိုင်ငံတော် ဝင်ငွေ ကျန်းမာရေးနဲ့ ပညာရေး အပါအဝင် လူသား ပိုင်ဆိုင်မှုတွေ၊ စီးပွားရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်လွယ်မှု စတဲ့ သတ်မှတ်ချက် သုံးခုကို ချိန်ထိုး စဉ်းစားပြီးတော့ အဲဒီလို ဆုံးဖြတ်တာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံ ဒီလို အဆင့်သတ်မှတ်ချက်က လွတ်မြောက်ပြီလို့ ထောက်ခံဖို့ အတွက် သုံးနှစ် တစ်ကြိမ် နှစ်ကြိမ် ဆက် ပြန်လည် သုံးသပ်မှုအတွင်း သတ်မှတ်ချက် သုံးပုံမှာ အနည်းဆုံး နှစ်ပုံ ပြည်မီဖို့ သာမန်အားဖြင့် လိုအပ်ပါတယ်။

လာအိုနိုင်ငံဟာ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေနဲ့ လူသား ပိုင်ဆိုင်မှုများဆိုင်ရာ သတ်မှတ်တွေနဲ့ ပထမဆုံး ကိုက်ညီခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အတွင်း ပြန်လည် သုံးသပ်ချိန်မှာ သတ်မှတ်ချက် သုံးခုစလုံး ပြည့်မှီခဲ့ပြီး ကော်မတီက မူလ သတ်မှတ်ထားတဲ့ စာရင်းက လွတ်မြောက်ပြီ ဖြစ်ကြောင်း ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အထွေထွေ ညီလာခံက သာမန် အချိန် ၃ နှစ် ပေးမယ့်အစား လာအိုကို ကြိုတင်ပြင်ဆင်ဖို့ အချိန် ၅ နှစ် ပေးခဲ့ပါတယ်။

လာအိုဟာ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အသေးစား စီးပွားရေး လုပ်ငန်းတွေတည်ငြိမ်ရေးတို့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကမ္ဘာ့ ဘဏ်က ပြောပါတယ်။

Ref:Khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.