April 2026

စစ်အာဏာသိမ်း (၁၉၁၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ၃၀ AAPP ရဲ့ ဧပြီ၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၁၄) ရက်အတွင်း ပြည်သူ (၈၀၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၇၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မွန်မှာ အစိုးရသစ်အပြောင်းအလဲ ဖြစ်ပေမယ့် လောင်းကစားဝိုင်းတွေဆက်ရှိနေ

မော်လမြိုင် ၊ ဧပြီ ၃၀ မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ် လုပ်ကိုင်ခွင့် ပေးအပ်ထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လောင်းကစားဝိုင်းတွေဟာ စစ်ကော်မရှင် ရွေးကောက်ပွဲ မဲပေးစဉ်ကာလနဲ့ အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲ ကာလတွေမှာသာ ယာယီရပ်နားထားပေမယ့် လက်ရှိ အစိုးရအဖွဲ့သစ် လက်ထက်မှာတော့ အရင်အတိုင်း လောင်းကစားဝိုင်းတွေကို ပြန်ခွင့်ပြုနေတာပါ။…

စစ်အုပ်စုအပေါ် လေယာဉ်ဆီနဲ့ လက်နက်စီးဆင်းမှု တားဆီးဖို့ အရပ်ဘက်အဖွဲ့ ၂၀၀ ကျော် တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ ၃၀ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ပဋိပက္ခလျော့ချဖို့ အမှန်တကယ် လိုလားရင် စစ်အုပ်စုအပေါ် လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားဆီးဖို့ အရေးပေါ် အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့ ၂၀၀ ကျော်က တိုက်တွန်းတောင်းဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ တာဝန်ယူမှုတာဝန်ခံမှု ဖော်ဆောင်ရေးနဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ…

မြဝတီမြို့မှာ အပစ်ရပ်ကရင်အဖွဲ့တွေ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်

မြဝတီ၊ ဧပြီ ၃၀ ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ နေထိုင်တဲ့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့နဲ့ လိုက်နာရမယ့်အချက်တွေကို စစ်ကော်မရှင်တပ်က တားမြစ်အမိန့်ထုတ် ပြန်လိုက်တယ်လို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။ ဧပြီ ၂၃ ရက်နေ့က မြဝတီမြို့ ခလရ ၂၇၅ တပ်မှာ ပြုလုပ်ခဲ့တဲ့ ဌာနဆိုင်ရာတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးမှာ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့…

အီရန် နျူကလီးယား လက်နက် မရရှိသင့်ကြောင်း ဗြိတိန်ဘုရင် သဘောတူတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဧပြီ ၂၉ အီရန် နျူကလီးယား လက်နက်တွေ မပိုင်ဆိုင်ရဘူးဆိုတာကို ဗြိတိန်ဘုရင် ချားလ်စ်က မိမိနဲ့ သဘောတူကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဂုဏ်ပြုညစာစားပွဲမှာ ပြောလိုက်ပါတယ်။ ညစာစားပွဲမှာ ဗြိတိန်ဘုရင်က ယှဉ်ပြိုင်မှုတွေ များနေတဲ့ ကမ္ဘာမှာ နေတိုး မဟာမိတ်အဖွဲ့၊ အမေရိကန်နဲ့ တခြား မဟာမိတ်ဖွဲ့မှုတွေ အရေးကြီးကြောင်း ထပ်မံပြောဆိုခဲ့တာပါ။ စောစောပိုင်းက…

ယူကရိန်း စစ်သားတွေ လက်ထဲ အဖမ်းမခံဘဲ အဆုံးစီရင်တဲ့ မြောက်ကိုရီးယား စစ်သားတွေကို ကင်ဂျုံအန် ချီးကျူး

ဆိုးလ်၊ ဧပြီ ၂၉ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားဖက်ကနေ ပါဝင် တိုက်ခိုက်ရင်း ဖမ်းဆီးမခံဘဲ လက်ပစ်ဗုံးတွေ ဖောက်ခွဲပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ကင်ဂျုံအန်က ချီးကျူးလိုက်ပါတယ်။ အခုသီတင်းပတ်အတွင်း ပြောကြားတဲ့ မိန့်ခွန်းမှာ မြောက်ကိုရီးယား ခေါင်းဆောင်က ကြီးကျယ်တဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် အသေခံတိုက်ခိုက်ဖို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ဖို့ မတွန့်မဆုတ် ရွေးချယ်သွားသူတွေဟာ…

ရေးအခြေစိုက် စကခ ၁၉ လက်နက်တိုက် ဖောက်ခွဲမှု PDF ထုတ်ပြန်

ရေး၊ ဧပြီ ၂၉ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်နက်တိုက်ကို တပ်တွင်းဖရဲသီးတွေနဲ့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ စကခ ၁၉ လက်နက်တိုက်ကို PDF တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)ကွပ်ကဲမှုအောက်ရှိ အမှတ် ၈၀၀၁ တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့မှ မြို့တွင်း UG လှုပ်ရှားတပ်ဖွဲ့နဲ့ စစ်တပ်အတွင်းရှိ…

အာဆီယံ သတင်းစာဆရာများအဖွဲ့ညီလာခံမှာ IPCM က မြန်မာနိုင်ငံကိုယ်စားပြုပြီး ပထမဆုံး တက်ရောက်နိုင်ခဲ့

ကွာလာလမ်ပူ ဧပြီ ၂၉ အာဆီယံ သတင်းစာဆရာများအဖွဲ့ CAJ ရဲ့ ၂၁ ကြိမ်မြောက် အထွေထွေညီလာခံကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဧပြီ ၂၇ ရက်နေ့က ကျင်းပခဲ့ရာမှာ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM အနေနဲ့ ဒေသတွင်းကိုယ်စားပြုတဲ့ ကွန်းဖရင့်တစ်ခုမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပထမဆုံး တက်ရောက်နိုင်ခဲ့တယ်လို့ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။…

ဘီးလင်း ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးများနေ

ဘီးလင်း၊ ဧပြီ ၂၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကော်မရှင်တပ်စခန်းသိမ်း တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု များလာတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကော်မရှင်ရဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေတာပါ။ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲကြောင့်…

လေးလအတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇၁ ဦး သေဆုံး

ရေစကြို၊ ဧပြီ ၂၉ နိုင်ငံတဝန်းမှာ လေးလအတွင်း စစ်တပ် တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ်စုစုပေါင်း ၇၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့…