မြို့သစ်ရွာကို မီးရှို့တာမရှိဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်
အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ယင်းမာပင်မြို့တွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မြို့သစ်ရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာ မရှိဘူး”ဆိုပြီး စစ်ကောင်စီတပ် သတင်းအမှားဖြန့်ချိနေတဲ့ အ ကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့…