ပွင့်ဖြူမှာ စစ်တပ်က လုံခြုံရေး အပြည့်ယူထားလို့ ပေါ်တာဆွဲခံရမှာ ဒေသခံတွေ စိုးရိမ်

မကွေး နိုဝင်ဘာ ၂၀

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လုံခြုံရေးအပြည့်ယူထားတဲ့အတွက် ပေါ်တာဆွဲခံရမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းကစပြီး ပွင့်ဖြူနဲ့ ရှောက်တော လမ်းတ​​လျှောက်မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေနေရာယူထားကြတာပါ။

“လမ်းဆုံလမ်းခွတွေမှာ သုံးယောက် တစ်စုစီ နေရာယူထားတာ။ အရင်တခါ ပေါ်တာဆွဲတုန်းကလည်း အဲဒီလို လမ်းဆုံတွေမှာ ဆွဲသွားတာ။” လို့ ရှောက်တောကျေးရွာသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တခြားဒေသခံတွေရဲ့ ပြောဆိုချက်အရ လူကြီးခရီးစဉ် ဒါမှမဟုတ် စစ်တပ်ထောက်ခံပွဲလုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးယူတယ်လို့ ပြောဆိုပေမဲ့ လမ်းမတွေပေါ်မှာ သွားလာသူမရှိသ​လောက် နည်းနေတယ်လို့ ပြောပါတယ်။

ပွင့်ဖြူမြို့နယ်နဲ့ နီးစပ်တဲ့ စလင်းနဲ့ စကုမြို့နယ်တွေမှာ လုံခြုံရေးရယူထားတာမရှိပေမဲ့ အင်အားစုတာမျိုးတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူတွေကတော့ ပွင့်ဖြူမြို့နယ် ကျွဲထိကျေးရွာအနီးမှာ နိုဝင်ဘာ ၁၉ ရက်က တိုက်ပွဲတွေဖြစ်ပွားထားတာကြောင့် လုံခြုံရေးရယူတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ဂိတ်တချို့ကတော့ ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ထားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ နောက်ဆုံးနေရာအနှံ့လုံခြုံရေးချစဉ်က အာဏာသိမ်းစစ်တပ်ရဲ့ ၁၇၉ စီးပါယာဉ်တန်း လောင်းရှည်မြို့ကို သွားစဉ်ကဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လုံခြုံရေးအပြည့်ယူထားတဲ့အတွက် ပေါ်တာဆွဲခံရမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.