ဟောင်ကောင်မှာ ခရီးသည်တင် ကူးတို့ယာဉ်က ရေမျှောဆိပ်ကမ်းကို ဝင်တိုက်ပြီး ၂၂ ဦး ဒဏ်ရာရ

ဟောင်ကောင်၊ နိုဝင်ဘာ ၂၇

ဟောင်ကောင်မှာ နိုဝင်ဘာ ၂၇ ရက်က ရေမျှောဆိပ်ကမ်း တစ်ခုကို ခရီးသည်တင် ကူးတို့ ရေယာဉ် ဝင်တိုက်မိပြီး ဒဏ်ရာ ပြင်းထန်သူ ၄ ဦးအပါအဝင် ၂၂ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တီဆင်း ယီလမ်း အလွန် ရေပြင်မှာ မနက် ၉ နာရီ မိနစ် ၂၀ က ရေယာဉ် မတော်မတဆမှု ဖြစ်ပွားခဲ့တာကို သတင်းလက်ခံရရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ ကူးတို့ယာဉ်ဟာ ဟောင်ကောင် ရှီအွန်း ဝန်ကနေ ရှန်ကျန်းရဲ့ ရှီကူကျွန်းသို့ ခုတ်မောင်းချိန် သင်္ဘော ဒေါက်တင် စခန်းကို ဝင်တိုက်ခဲ့တာ ဖြစ်ကြောင်း ဟောင်ကောင် သတင်းဝက်ဘ်ဆိုက် HK01 က ဖော်ပြပါတယ်။

South China Morning Post သတင်းဌာနက အဲဒီ ကူးတို့ယာဉ်ရဲ့ ရေယာဉ်မှူးဟာ စနစ် ချွတ်ယွင်းမှု အဓိကနေရာကို ရှာတွေ့ခဲ့ပြီး ရေယာဉ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရေမျှောဆိပ်ကမ်းကို ဝင်တိုက်မိတာ ဖြစ်ကြောင်း သတင်းရင်းမြစ် တစ်ခုကို ကိုကားပြီး ဖော်ပြပါတယ်။

ရေယာဉ်ပေါ်မှာ ခရီးသည် ၄၀ နဲ့ ဝန်ထမ်း စုစုပေါင်း လူ ၂၀ လိုက်ပါလာတာ ဖြစ်ပါတယ်။

ခရီးသည်တွေမှာ ဦးခေါင်းဒဏ်ရာတွေ လက်မောင်းနဲ့ ပုခုံး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒဏ်ရာရသူ ၂၂ ဦးထဲမှာ ၇ ဦးဟာ အမျိုးသမီးတွေ ဖြစ်ပြီး ၁၅ ဦးက အမျိုးသားတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အမျိုးသားနှစ်ဦးနဲ့ ယောကျာ်းလေး တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်လုပ်သား တော်တော်များများ စေလွှတ်ထားကြောင်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

မီးသတ်ရေယာဉ်တွေ ချထားသလို အရေးပေါ် လူနာတင်ယာဉ်တွေလည်း အများအပြား ချထားကြောင်း ဒေသခံ အရာရှိတွေက ပြောပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.