ပမ်းလ်ဘိချ်၊ နိုဝင်ဘာ ၂၇
ယူကရိန်း စစ်ပွဲအတွင်း အလျင်အမြန် အဖြေထွက်စေနိုင်မှုဆီကို ဦးတည်သွားစေနိုင်မယ်လို့ မျှော်လင့်ပြီးတော့ ဥရောပတဝန်း နယ်မြေတွေမှာ စစ်ရေးအရ ရန်စတိုက်ခိုက်မှုတွေကို နောက်ပြန်ဆုတ်မှုကို မြင်တွေ့လိုကြောင်း ရုရှား ခေါင်းဆောင် ဗလာဒီမာ ပူတင်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထန့်က ပြောလိုက်ပါတယ်။
တရုတ်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ပြောဆိုမှုတွေအတွင်း ယူကရိန်းနဲ့ ရုရှားကြား သဘောတူညီမှု တစ်ရပ် ရယူနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဥရောပ တဝန်း စစ်ရေးအရ ရန်စ တိုက်ခိုက်နေတာတွေကို နောက်ပြန်ဆုတ်တာ မြင်တွေ့လိုကြောင်း အချိန် နာရီပေါင်းများစွာယူပြီး ပြောကြားခဲ့တယ်လို့ ထရန့်က ဆိုပါတယ်။
အဲဒီလို သဘောတူညီမှု ရရှိရေး မြန်မြန် လုပ်ဆောင်ဖို့လည်း ထရန့်က Truth Social လူမှုမီဒီယာပေါ်မှာ ရေးပါတယ်။
လတိုင်း လူထောင်ချီ သေဆုံးနေပြီး လုံးဝ သွေးချောင်းစီးနေတာကြောင့် ဒါဟာ အားကောင်းတဲ့ ဖြစ်နိုင်ခြေတစ်ခုလို့ မိမိ အမှန်တကယ် ယုံကြည်ကြောင်း ထရန့်က ပြောပါတယ်။
ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းပြီး သဘောတူညီမှု ရယူဖို့ ထရန့်က အကြိမ်ကြိမ် တိုက်တွန်းထားပေမယ့် ဥရောပတဝန်း နယ်နိမိတ်တွေဆိုတဲ့ အသုံးအနှုန်းဟာ ယူကရိန်း စစ်တလင်းပြင်တွေထက် ကျော်လွန်နေတဲ့ နယ်နိမိတ်တွေ ဖြစ်ကြောင်း ဖော်ပြနေပါတယ်။
ပူတင်ကို ရပ်တန့်ခိုင်းတာနဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေကို ထရန့်က မပြောပါဘူး။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှား ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း တခြားနိုင်ငံတွေက ရုရှားဟာ ရန်လိုတဲ့ အပြုအမူတွေ မကြာခဏဆိုသလို ကျူးလွန်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
ပူတင်အနေနဲ့ သဘောတူညီမှု တစ်ရပ် ရယူလိုကြောင်း သူ့ရဲ့ ရှုမြင်ပုံနဲ့ ပတ်သက်လို့ ထရန့်က နိုဝင်ဘာ ၂၆ ညနေပိုင်းက ထပ်မံ ပြောဆိုခဲ့ပါတယ်။
သံတမန်ရေးကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေး ကိစ္စအဖြစ် မကြာခဏဆိုသလို မှတ်ယူလေ့ရှိတဲ့ ထရန့်က ရုရှား ခေါင်းဆောင်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကြား ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် ညှိနှိုင်း ဆွေးနွေးမှုတွေကို ခက်ခဲစေတယ်လို့ တုံ့ပြန်ပါတယ်။
အဲဒီလို ဖြေရှင်းဖို့ အကြီးမားဆုံး ပြဿနာက တစ်ယောက်ကို တစ်ယောက် မုန်းတီးနေကြတဲ့ ခေါင်းဆောင် နှစ်ဦး ရှိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters

