အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ မှာ တောင်အာဖရိကနိုင်ငံ တရားစွဲ

0
74

အမ်စတာဒမ်၊ ဒီဇင်ဘာ ၃၁

အစ္စရေးစစ်တပ်ဟာ ဂါဇာမှာတိုက်ပွဲမှာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်ကြောင်းကြေညာပေးဖို့ တောင်အာဖရိကနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ထံ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့တရားရုံးလို့ လူသိများတဲ့ ICJ ဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတွေကြား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။

တောင်အာဖရိကနိုင်ငံက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့အတူ စာချုပ်ပါ အချက်အလက်တွေကို အစ္စရေးက ချိုးဖောက်တယ်လို့ စွပ်စွဲထားပေမယ့် ဒီစွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။

ပါလက်စတိုင်းလူမျိုးတွေရဲ့ အခွင့်အရေးကို ထပ်မံပြီး ထိခိုက်မှုတွေမှာ ကာကွယ်ဖို့အတွက်ဆိုကာ အစ္စရေးရဲ့ ဂါဇာရှိ စစ်ရေးလှုပ်ရှားမှု ရပ်တန့်ဖို့ တရားရုံးမှ ယာယီဒါမှမဟုတ် ကာလတို အစီအမံတွေ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ICJ တရားရုံးဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးအဖြစ် သတ်မှတ်ခံထားရပေမယ့် သူတို့ရဲ့ စီရင်ချက်တွေဟာ တခါတရံ လျစ်လျူရှုထားခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လက တရားရုံးဟာ ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမိန့်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်းတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ခိုးယူခဲ့တဲ့အတွက် ဟားမတ်စ်ကိုအပြစ်တင်ခဲ့ပေမယ့် ဟားမတ်စ်ကတော့ ငြင်းဆန်ထားပါတယ်။

“ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူတွေဟာ ရန်သူမဟုတ်ကြောင်း အစ္စရေးက ရှင်းရှင်းလင်း လင်းပြောထားပြီးဖြစ်ကာ မပါဝင်သူတွေကို အန္တရာယ်မဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားနေပါ တယ်”လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါလက်စတိုင်းပြည်သူတွေကို အကာအကွယ်ပေးဖို့ တရားရုံးက ချက်ချင်း အရေးယူဆောင်ရွက် ရမှာဖြစ်ပြီး အစ္စရေးကို ထိုးစစ်ဆင်တာကို ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ တောင်အာဖရိကနဲ့ တရားစွဲဆိုမှုကို ကြိုဆိုတယ်လို့လည်း ပါလက်စတိုင်း နိုင်ငံခြားရေးဌာနက အသိပေးထားပါတယ်။

ပရီတိုးရီးယားရှိ အစ္စရေးသံရုံးကိုပိတ်ကာ သံတမန်ဆက်ဆံရေးကို ဆိုင်းငံ့ထားဖို့ လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့လမှာ မဲခွဲဆုံးဖြတ်ပြီးနောက် တရားရုံးတော်ကို လျှောက်ထားမှုဟာ အစ္စရေးရဲ့ စစ်ပွဲကို ဝေဖန်နေတဲ့ တောင်အာဖရိကရဲ့ နောက်ဆုံးလှုပ်ရှားမှုဖြစ်ပါတယ်။

သည်ဟိတ်ရှိ တခြားသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကလည်း ဂါဇာနဲ့ အနောက်ဘက်ကမ်းရှိ ရက်စက်ကြမ်းကြုတ်မှုတွေကို သီးခြားစီ စုံစမ်းစစ်ဆေးနေပေမယ့် အစ္စရေးဟာ ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ ဆိုထားပါတယ်။

Ref: Asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.