ဘန်ကောက်ပစ်ခတ်မှုမှာ သေနတ်သမားကို တရားစွဲနိုင်ခြင်း မရှိသေး

0
55

ဘန်ကောက်၊ ဒီဇင်ဘာ ၃၁

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဆီယမ်ပါရာဂွန်ကုန်တိုက်ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား လူငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ ကုသနေချိန်အတွင်း ရဲတပ်ဖွဲ့အနေနဲ့ တရားစွဲဆိုနိုင်မှာမဟုတ် ဘူးလို့ ထိုင်းရှေ့နေချုပ်ရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိထားတာပါ။

ထိုင်းရှေ့နေချုပ်ရုံးရဲ့ ပြောခွင့်ရက အသက် ၁၄ နှစ်အရွယ် သေနတ်သမားဟာ ဆေးကုသမှုခံယူနေတဲ့အတွက် တရားခွင်စစ်ဆေးမှုတွေ စတင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ရောဂါကုသတဲ့ဌာနက တရားခံအတွက် ရောဂါစစ်ဆေးမှုတွေ ပြီးမြောက်ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တင်သွင်းထားတဲ့ အမှုအစီရင်ခံစာကိုလည်း အစိုးရရှေ့နေတွေက ပယ်ချထားကြပါတယ်။

“ရဲဘက်စုံစမ်းစစ်ဆေးရေးမှူးတွေဟာ သူရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ဖြစ်စေဖို့ကို စောင့်ဆိုင်းရပါမယ်”လို့ ထိုင်းရှေ့နေရုံးချုပ်ပြော‌ရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

သေနတ်သမားရဲ့ အမှုဟာ အနှစ် ၂၀ အထိကန့်သတ်ချက်ရှိတယ်လို့ သိရသလို ခွင့်ပြုချက်ရရှိထားတဲ့ တရားခွင်အတွက် ကြိုတင်ဖမ်းဆီးချုပ်နှောင်မှုကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။  

တရားခံအကျိုးဆောင်တွေဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအတွက် နောက်ထပ်သုံးသပ်ချက် တစ်ရပ်လုပ်ဆောင်ဖို့ ဇန်နဝါရီလမှာ နောက်တစ်ခေါက် တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဆေးဝါးကုသပေးနေတဲ့အဖွဲ့ကတော့ တရားခွင်ကြားနာမှုစစ်ဆေးဖို့ လုံလောက်တဲ့ ကျန်းမာရေး အခြေအနေရှိတဲ့ အချိန်ထိ ရက်ပေါင်း ၁၈၀ တိုင် ဆေးကုသမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအစီရင် ခံစာကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးမှူးတွေထံ တင်သွင်းရမှာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ သေနတ်သမားလူငယ်ကို အမှု ၅ မှုနဲ့ တရားစွဲထားတဲ့အထဲမှာ လူသတ်ရန် ကြိုတင်ပြင်ဆင်မှု၊ လူအသက်သေဖို့ ကြိုးပမ်းမှု၊အများပြည်သူနေရာမှာ ပစ်ခတ်မှု၊ခွင့်ပြုချက်မဲ့ သေနတ်လက်ဝယ် ထားရှိမှုနဲ့ ခွင့်ပြုချက်မရှိဘဲ လူမြင်ကွင်းမှာ သေနတ်ကိုင်ဆောင်မှုတွေဖြစ် တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို အစိုးရရှေ့နေတွေထံ တင်ပြခဲ့ပေမယ့် စိတ်ရောဂါအကဲဖြတ်မှု မလုပ်ဆောင်မီ နိုဝင်ဘာလ ၃ ရက်နေ့က စစ်ဆေး မေးမြန်းပြီး စွဲချက်တင်ထားတာကြောင့် အစိုးရရှေ့နေတွေက ပယ်ချခဲ့ပါတယ်။

ရှေ့နေတွေရဲ့ အကဲဖြတ်ချက်ကို နိုဝင်ဘာ ၂၁ ရက်နေ့က ရဲတပ်ဖွဲ့မှာ တင်သွင်းခဲ့ပြီး အဲဒီလူငယ်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး နားလည်ထားတာမရှိသလို သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့်တွေကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် အစိုးရရှေ့နေတွေရဲ့ ရဲတပ်ဖွဲ့ထံ ပေးပို့ထားတဲ့ စီရင်ခံစာထဲမှာ တရားခံလူငယ်ဟာ တရားခွင်ကိုဝင်ရောက်ဖို့ မသင့်တော်သေးဘူးလို့ ဖော်ပြထားပါတယ်။

Ref:THE NATION/ASIA NEWS NETWORK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.