သထုံမှာ အုတ်ဖိုလုပ်ငန်းရှင်တစ်ဦး အသတ်ခံရ

0
43

သထုံ၊ မတ် ၃၀

မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာ သက္ကဘုရားသွားလမ်းဘေးမှာ ဒီနေ့ မတ် ၃၀ ရက်နေ့ မနက်အစောပိုင်းက အသတ်ခံထားရတဲ့ အုတ်ဖိုလုပ်ငန်းရှင်တစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သုဝဏ္ဏဝတီမြို့သိမ်ဆိပ်ရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ် အုတ်ဖိုလုပ်ငန်းရှင် ကိုရဲဝင်းထွန်းဟာ မနေ့ မတ် ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ အသိမိတ်ဆွေတယောက်နဲ့ အကောင်းကြိုက်လက်ဖက်ရည်ဆိုင်မှာ တွေ့ဆုံမယ်ဆိုပြီး နေအိမ်ကနေ ငွေကျပ် ၇ သိန်းယူပြီး ဆိုင်ကယ်နဲ့ထွက်သွားခဲ့တာပါ။

အဲဒီနောက် ကိုရဲဝင်းထွန်း တစ်ညလုံး နေအိမ်ပြန်မလာရောက်လာတာကြောင့် မိသားစုဝင်တွေ လိုက်လံရှာဖွေစဉ် သက္ကဘုရားသွားလမ်းဘေးမြောင်းထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန် လည်တွေ့ရှိခဲ့ပါတယ်။

အလောင်းကို ပြန်တွေ့စဉ် ခန္ဓာကိုယ်ရဲ့ နောက်ကျော၊ လက်မောင်းနဲ့ လည်ပင်းအောက်တွေမှာ ထိုးသွင်းဓားဒဏ်ရာတွေ ရရှိထားတာ ဖြစ်ပါတယ်။

ကိုရဲဝင်းထွန်းရဲ့ ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ သိမ်ဆိပ်ဆေးရုံထံ ပို့ဆောင်ပေးထားပြီး ရဲတပ်ဖွဲ့ဘက်က လက်ရှိအချိန်အထိ တရားခံကို ရှာဖွေဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

သထုံမြို့နယ်မှာ အခုလအတွင်း အမျိုးသား ၄ ဦး အသတ်ခံခဲ့ရပြီး ပိုင်ရှင်မပေါ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.