အဓမ္မစစ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး NUG က တိုင်ကြား၊စုံစမ်း၊အကြံဉာဏ်ရယူနိုင်တဲ့ ပြည်သူ့ရေးရေးရာဝန်ဆောင်မှုစတင်

0
35

မော်လမြိုင် – မတ် ၃၀ 

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြား၊စုံစမ်း၊အကြံဉာဏ်ရယူနိုင်တဲ့ ပြည်သူ့ရေးရာ ဝန်တောင်မှုစတင်လိုက်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

အဓမ္မစစ်သားစုဆောင်းမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် နေ့စဉ် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီလုပ်ဆောင်နေတဲ့ အဓမ္မစစ်သားစုဆောင်းမှုရဲ့ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြ ရတဲ့ ပြည်သူတွေအနေနဲ့ သိလိုတာတွေကို မေးမြန်းတာ၊ အကြံဉာဏ်တောင်းခံတာ၊ အကူအညီ တောင်းခံတာနဲ့ တိုင်ကြားတာတွေ ပြုလုပ်နိုင်တယ်လို့ အသိပေးထားပါတယ်။

တာဝန်ခံအဖွဲ့အနေနဲ့ NUG အစိုးရရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ရုံးဌာနတွေနဲ့ ချိတ်ဆက်ပြီး မေးခွန်းတွေပြန်လည်ဖြေကြားပေးတာ၊အကြံဉာဏ်တွေပေးတာ၊ သက်ဆိုင်ရာ ဌာနတွေကို လမ်းညွှန်ပေးတာ၊အကူအညီပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာအပြင် တိုင်ကြား မှု သတင်းပေးမှုတွေကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးပို့တာတွေ လုပ် ဆောင်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ အဓမ္မစစ်သားစုဆောင်ပြီး မိမိတို့ကို ထပ်မံဖမ်းဆီးနှိပ်စက်နေတဲ့ စစ်အုပ်စု သက်ဆိုးရှည်စေမယ့် လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှကို ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဘဲ NUG အစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ကာ နည်းလမ်း ပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရတဲ့ ပြည်သူတွေရဲ့ စိတ်သောကတွေကို သက်သာရာရစေဖို့နဲ့ လိုအပ်တဲ့ အကူအညီနဲ့ အထောက်အပံ့တွေကို တက် နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ဖို့အတွက် NUG အစိုးရက ပြည်သူ့ရေးရာဝန်ဆောင်မှုအဖြစ် Telegram Channel – https://t.me/nugpublicaffairsbot ကို စတင်ဖွင့်လှစ်လိုက်ပြီး အဲဒီကနေ ဝန်ဆောင်မှုတွေ ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.