ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါချုပ်အပါအဝင်သုံးဦး ဗထူးတပ်ဖမ်းဆီး

0
55

ထားဝယ်၊ ဖေဖော်ဝါရီ ၂၉

တနင်္သာရီတိုင်း ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ်နဲ့ ပါမောက္ခ ဒေါ်နန္ဒာလွင်တို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဗထူးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

သူတို့ ၃ ဦးကို မနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဗထူးတပ်မတော်က ထား ဝယ်နည်းပညာတက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

Non CDM ဝန်ထမ်းတွေဖြစ်တဲ့ ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦးဟာ စစ်ကျွန်ပညာရေးကို အသက်သွင်းနေပြီး ဆက်လက်ရှင်သန်အောင်လုပ်ဆောင်နေတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ဗထူးတပ်မတော်က ဆိုပါတယ်။

ဗထူးတပ်မတော် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကတော့ ဖမ်းဆီးထားတဲ့သူတွေကို လက်ဖျားနဲ့တောင်မထိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကို လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီအား ဘယ် လောက်အထိ အကျိုးပြုမှုတွေ လုပ်ဆောင်ခဲ့လဲဆိုတဲ့အပေါ် မူတည်ကာ အရေးယူမှုတွေ လုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကလည်း ဖမ်းဆီးခံထားရတဲ့ ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦး ပြန်လည်ကယ်တင်နိုင်ရေး အပူတပြင်းရှာဖွေနေတယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သ တင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း လောင်းလုံးမြို့နယ်ရှိ ထားဝယ်းစိုက်ပျိူးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ကြီးအပါအဝင် ၇ ဦးကို လောင်းလုံး PDF ဖမ်းဆီးသွားပြီးနောက် တစ်လအကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါ တယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.