ကောလင်းကရွာတွေကို စစ်တပ်မီးရှို့တာမဟုတ်ဘူးလို့ သတင်းမှားဖြန့်နေ

0
33

မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

စစ်ကိုင်းတိုင်း၊ကောလင်းမြို့မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ် မီးရှို့တဲ့သတင်းက အတု ဖြစ်တယ်လို့ တပ်လော်ဘီတွေ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။

ဒီအကြောင်းကို မှိုင်းဝေ၊  Saw Ba Maung၊ ဟန်ငြိမ်းဦးနဲ့ နောင်ရိုးစစ်သည် စတဲ့ စစ်အုပ်စုဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ စစ်တပ်အကောင့်တုတွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ နိုဝင်ဘာလဆန်းပိုင်း ကနေ ဖေဖော်ဝါရီလဆန်းပိုင်းအထိ သုံးလကြာသိမ်းယူထားတဲ့ ကောလင်းမြို့ကို စစ်အုပ်စုက ပြန်လည်တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး ကောလင်းမြို့နဲ့ အနီးဝန်းကျင်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့ Kawlin Revolution – KR Teams နဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ် သတင်းဌာနမှာလည်း စစ်ကောင်စီပြန်လည်သိမ်းယူလိုက်ပြီးနောက် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ကောလင်းတဝိုက်က ကျေးရွာ ၂၅ ရွာက အရပ်သား သုံးသောင်းနီးပါး စစ်ရှောင်နေရတယ်လို့ ဖော်ပြထားပြီးဖြစ်ပါတယ်။ 

Kawlin Revolution – KR Teamsအဖွဲ့သတင်းထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid0vomrN3eV7snLjwB3htXNJpmQja9cci3Fut5QWffbyAyc7oj95SyxRrhqWcBrUp8al&id=100076334108686&mibextid=Nif5oz&_rdc=1&_rdr

သံလွင်တိုင်းမ် သတင်းဌာနကဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0K8TfYfHkXnNV4AAJr211a54Tp31FQbLJLKeaJ6QfiGBBtP6x1W5nFCxjofPHQb5Zl&id=100077424451291&mibextid=Nif5oz&_rdc=1&_rdr

Mandalay_Free_Press_MFPသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0nNd2nJBvx3vVQZqyBoeoVVKCR4ApR6tLXrCLQAXfZAnUUGCpsKLNv7gEYa9E6Wqpl&id=100070473873342&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.